EP 4 (UNI)

268 59 6
                                    

ရယ်စရာကောင်းသား။စစ်မှုထမ်းဆောင်ပြီးသည့်နေ့မှာ ကြင်ယာဖက်တွေ့ရမယ်ဆိုတာ
ချန်းယောလ်အတွက် ရယ်စရာကောင်းလွန်းတဲ့ကိစ္စပါပဲ။စစ်မှုထမ်းဆောင်ပြီးရင် ကြင်ယာဖက်
အမြဲတွေ့နေရတဲ့ဒုက္ခက ကင်းဝေးမလားမှတ်ပါတယ်။ပိုတောင်ဆိုးနေသေး၏။

အရင်တုန်းကဆို သူတို့သဘောအတိုင်း သူတို့
စိတ်ချမ်းသားအောင် လူချင်းတွေ့ပြီးတာနဲ့ ချန်းယောလ်ဘက်က ချက်ချင်းငြင်းပစ်ခဲ့တာ။အခုတော့ သုံးခါတိတိ ဒိတ်ပြီးမှာ ငြင်းရမယ်တဲ့လေ။တကယ်ကို ဆိုးဝါးတဲ့အပြစ်ဒဏ်တစ်ခုပါပဲ။

ဘာဖြစ်ဖြစ် ထိုလူသားနှင့် ‌ချန်းယောလ် ဒိတ်မှာဖြစ်မည်။

ဒါဟာမေမေနှင့်မမ၏စကားကို နာခံတာမဟုတ်ဘဲ ကတိတစ်ခုကြောင့် ချန်းယောလ် တွေ့ရခြင်းသား။ထိုလူသားနဲ့ သုံးခါတိတိ ဒိတ်ပြီးမှ
ချန်းယောလ်ဘက်က မချစ်ရင် လက်ထပ်ဖို့ငြင်းဆန်ရင် နောက်ထပ် ကြင်ယာဖက် မတွေ့ခိုင်းတော့ဘူးတဲ့လေ။

ပျော်သည်။တစ်သက်လုံး ကြင်ယာဖက်တွေ့ရသည့် ဒုက္ခမှာ လွတ်‌မြောက်တော့မှာမလို့။မမရဲ့ *နှလုံးသားမရှိတဲ့အကောင်*ဆိုသည့်ဘွဲ့နာမည်ကိုတော့ ချန်းယောလ်လျစ်လျူရှူထားသည်။

အရင်လူတွေတုန်းက မေမေတို့ဓာတ်ပုံပြထား၍ ဘယ်သူ ,ဘယ်ဝါ ချန်းယောလ်သိရ၏။အခုတော့
ဘယ်သူမှန်း မသိတဲ့သူကို စစ်ဌာနာရှေ့ ထိုင်စောင့်နေရသည်။

ထူးခြားတယ်။ထိုလူသားက ဓာတ်ပုံလေးတစ်ပုဒ်တောင် မရှိဘူးတဲ့လေ။ဘယ်လောက်တောင် တုံးအ,ရိုးလိုက်တဲ့လူလဲ။အ‌ခုခေတ်ကြီးမှာ ဓာတ်ပုံမရိုက်တဲ့သူ ထိုလူသားတစ်ဦးသာ ရှိလိမ့်မည်။

လူကိုမမြင်ရသေးဘူး။ပတ်ခ်ချန်းယောလ်တို့ ငြင်းချင်နေပြီ။‌ဒါပေမယ့် မမရဲ့*နင် ဂျောင်ဆူးလေးကိုမှာ မချစ်ဘူး။လက်မထပ်နိုင်ဘူး ငြင်းရင် နင်က တကယ့်နှလုံးသားမရှိတဲ့အကောင်ပဲ*ဆိုသည့်စကားကို နားထဲ ကြားယောင်လာ၏။
မေမေ၏*ငါ့ကလေးရဲ့ချစ်ဖို့ကောင်းမှု၊တည်ငြိမ်မှုမှာ နင်သေချာပေါက် ကျရှုံးသွားမှာ*ဆိုသည့်စကားရယ်ကြောင့် မေမေနှင့်မမရဲ့သဲသဲလှုပ်လှုပ် အချစ်ခံလူသားလေးကို မြင်တွေ့ချင်ပါသေး၏။

MY YOUTHSWhere stories live. Discover now