EP 2 (UNI)

319 66 0
                                    

ဓာတ်ပုံရိုက်နေရင်း အသံကျယ်ကျယ်ကြောင့် ချန်းယောလ် လှည့်ကြည့်ဖြစ်သည်။ဆွန်းဆူးလေးကို လက်ကဆွဲလို့ တံခါးပေါက်ဘက်ထွက်သွားတဲ့လူတစ်ယောက်က ချန်းယောလ်မြင်ကွင်းထဲ အရင်ရောက်လာ၏။ကြည့်ရတာ ဆွန်းဆူးလေးရဲ့ဦးလေးဖြစ်သူ ထင်တယ်။ဒီနေ့တစ်နေ့ကုန် သူ့ဦးလေး ပွဲလာကြည့်မဲ့အကြောင်းကို ချန်းယောလ်ကို ကြွားလျက် ခုန်စွ,ခုန်စွဖြင့် ထိုကလေး ပျော်နေလိုက်တာ ချန်းယောလ်အသိဆုံးဖြစ်သည်။ကြည့်ရတာ ဦးလေးကို အတော်ချစ်ပုံလည်း ရတယ်။‌

ဆွန်းဆူးဦးလေးလည်း ဆွန်းဆူးလိုလေးပဲ ချစ်ဖို့ကောင်းမဲ့ပုံစံလေး...။နောက်ကျောကပဲ မြင်ရတာဆို‌သည့်တိုင်း အနှီးကောင်လေးရဲ့ချစ်ဖို့ကောင်းမှုကို ချန်းယောလ် ခံစားရသည်။

အင်္ကျီအကွက်လက်ရှည်လေးကို တံတောင်ဆစ်အထိ သေချာစွာ ခေါက်ထားပြီး ဂျင်းဘောင်းဘီအောက်နားစလေးကိုလည်း ခေါက်၍ဝတ်ထားပုံလေးက တစ်မျိုးလေး ချစ်ဖို့ကောင်းနေပြန်သည်။ချန်းယောလ်အကြောင်းမဲ့ ခြေစွပ်နဲ့ ခေါက်ထားတဲ့ဘောင်းဘီအနားစကြား ပေါ်နေတဲ့ အသား‌ဖြူဖြူ‌လေးကို ကြည့်နေလျက်... ။ဆွန်းဆူးကို စိတ်ဆိုးမိတယ်။သူ့ဦးလေးကို တွန့်တိုနေလိုက်တာ။နည်းနည်းလေးတောင် မိတ်မဆက်ပေးသွားဘူး။အ‌ခုတော့ချန်းယောလ်မှာ နောက်ကျောလေးပဲ မြင်လိုက်ရတဲ့အဖြစ်။

“ချန်းယောလ်ရေ!! ပြန်ဖို့ ပြင်ကြရအောင်”

ဓာတ်ပုံရိုက်နေတဲ့ချန်းယောလ်တို့ကို လှမ်းသတိပေးသံကြားရသည့်နှင့် တပ်ကပေးထားတဲ့ကျောပိုးအိတ်ကို ကောက်လွယ်၍ ရ,ထားတဲ့မွေးနေ့လက်ဆောင်တွေကိုလည်း
တစ်ခုမကျန်သယ်ရသည်။Musical အဖွဲ့သားတွေရယ် သူငယ်ချင်းတွေရယ်ကြောင့် ချန်းယောလ်ဒီနှစ်မွေးနေ့က အရင်မွေးနေ့တွေနဲ့ မတူ၊တမူထူးခြားရသည်။အပျော်ကြီးလည်း ပျော်ရသည်။

“ပေး ~ကျွန်‌တော် ကူသယ်ပေးမယ်”

အဖွဲ့ထဲက တပ်သားလေးက ချန်းယောလ်ဆီက ပစ္စည်းတစ်ချို့ကူသယ်ပေးမှာ ချန်းယောလ် အသက်ရှူချောင်တော့တယ်။ကားဆီသွားတဲ့လမ်းမှာလည်း များပြားလှတဲ့ဖန်တွေက ချန်းယောလ်တို့ Musicalအဖွဲ့သားတွေကို ကြိုဆိုနေ၏။

“ပင်ပန်း သွားပြီ။ကောင်းကောင်း အနားယူပါ”

အော်ဟစ် အားပေးကြနေတဲ့လူတွေကို ချန်းယောလ် တာ့တာလုပ်ပြ၍ ခေါင်းတစ်ချက်ငြိမ့်ပြရင်း ကားပေါ်တတ်ခဲ့သည်။ရုတ်တရက် မြင်လိုက်ရတဲ့ ပုံရိပ်လေး။လူတွေများ၍ ချန်းယောလ်သေချာမမြင်ရသော်လည်း အနှီလူသားလေးက ဆွန်းဆူးဦးလေးဆိုတာ ချန်းယောလ်ခံစားမိသည်။ကိုယ်တိုင်‌တောင်သတိမထားလိုက်တဲ့ အပြုအမှုတစ်ခု  ချန်းယောလ်လုပ်ဖြစ်သွားသည်။ Curtrinကိုဖယ်၍ Heart Sign လေး လုပ်မိသွားခြင်းက အနှီးကောင်လေးအတွက်ဆိုတာ ချန်းယောလ်မှလွဲ၍ တစ်ခြားသူ မသိနိုင်။စိတ်ထဲ အနှီးကောင်လေး မြင်သွားပါစေ ဟုသာ ဆုတောင်းမိသည်။ချန်းယောလ်ရဲ့ ‌Heart Signလေးကို ရင်ခုန်သွားတဲ့ကောင်မလေးတွေတော့ ချန်းယောလ် အားနာပါရဲ့။

အော်ဟစ် အားပေးကြနေတဲ့လူတွေကို ချန်းယောလ် တာ့တာလုပ်ပြ၍ ခေါင်းတစ်ချက်ငြိမ့်ပြရင်း ကားပေါ်တတ်ခဲ့သည်။ရုတ်တရက် မြင်လိုက်ရတဲ့ ပုံရိပ်လေး။လူတွေများ၍ ချန်းယောလ်သေချာမမြင်ရသော်လည်း အနှီလူသားလေးက ဆွန်းဆူးဦးလေးဆိုတာ ချန်းယောလ်ခံစားမိသည်။ကိုယ်တိုင်‌တောင်သတိမထ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဘယ်သူကိုမျှ ရင်မခုန်ခဲ့တဲ့သူက အသက်(၃၀)ပြည့်မွေးနေ့မှာ လူတစ်ယောက်ကို နောက်ကျောလေးသာ ကြည့်ပြီး ရင်ခုန်သွားတယ်ဆိုတာ ဖြစ်နိုင်ရဲ့လား။ပြီးတော့ ထိုလူသားက ယောင်္ကျားလေးတစ်ယောက် ...
ချန်းယောလ်ရဲ့ရင်ခုန်မှုက ယုတ်တိရှိရဲ့လား။

🎀🎀🎀

02.01.22🍎

နောက်ကျသွားပေမဲ့ ပျော်ရွှင်စရာနှစ်သစ်လေး ဖြစ်ပါစေ။စိတ်သစ်၊လူသစ်နဲ့ ကျန်းမာပျော်ရွှင်ပါစေ။❣️

MY YOUTHSWhere stories live. Discover now