08

509 66 2
                                    

နေမင်းကြီးဟာပုန်းခိုလို့နေစဥ် ကောင်းကင်တစ်ခုလုံးဟာ မှောင်မိုက်လျက်။

သို့သော်ထိန်ထိန်သာနေသည့်လမင်းကြီးနှင့်အဖြူရောင် ကြယ်ကလေးတွေဟာ မှောင်မိုက်မှုကို
ဖြိုခွင်းနိုင်ကြသည်။

ဆောင်းရာသီသို့ရောက်ရှိခဲ့ပြီဖြစ်သောကြောင့်
နှုင်းလုံးလေးများက အများအပြားကျရောက်နေပြီ။

အေးချမ်းလွန်းသည့်ရာသီဥတုဖြစ်သော်လည်း အေးချမ်းမှုကိုတစ်စွန်းတစ်စမျှမခံစားရသည့်ကောင်ငယ်လေးဟာ မောင့်ရင်ခွင်နွေးနွေးထက်မျက်နှာအပ်လို့ နေလေသည် ။

" ရာသီဥတုအေးနေပြီဆောန်...ဒါကြောင့်
မောင်မရှိတော့ရင်လည်း နွေးနွေးထွေးထွေးဝတ် ပြီးတော့ စောင်ခြုံအိပ်ဖို့မမေ့နဲ့ "

မောင်းစကားသံကြောင့်မျက်ရည်ကဝဲကနဲ
မောင်ကငါ့ကိုဂရုစိုက်တတ်ပြီ ။ အရင်က
ငါမောင့်ဆီကသိပ်လိုချင်နေတဲ့ဂရုစိုက်မှုကို
အခုတော့ရသွားခဲ့ပြီ ။

သိရဲ့လားမောင်...ငါကလေ မင်းနည်းနည်းလေးဂရုစိုက်ပေးပြီဆိုတာနဲ့ အပျော်ကြီးပျော်နေရတဲ့သူပါ။ ဂရုစိုက်ခံရတာကြိုက်တာမို့ ဘာမဟုတ်တဲ့ဂရုစိုက်မှုလေးတွေကအစ တန်ဖိုးထားတတ်တဲ့ငါပါ မောင်ရယ်။ အမှန်တော့လေ ငါလိုချင်တဲ့ ဂရုစိုက်မှုဆိုတာသည်းသည်းလှုပ်ဖြစ်နေစရာမလိုပါဘူး။အပိုတွေ လုပ်ပြဖို့လည်း မလိုပါဘူး။
တအားကြီး ဘက်ပေါင်းစုံကနေ အရာရာအလိုက်တသိ ဂရုစိုက်ပေးရမယ် လို့မဆိုလိုပါဘူး ။

ခဏက မောင်ပြောခဲ့တဲ့စကားဆိုလည်းလုံလောက်နေပါပြီ ။ သိလား လူတိုင်းက ဂရုစိုက်ခံရတာကို ကြိုက်ကြတယ်။ ဒါပေမယ့် ဘယ်သူကမှ ငါ့ကိုဂရုစိုက်ပေးပါ လို့ပြောရတာမကြိုက်ကြဘူးလေ ။ မောင်ကပဲ အလိုက်တသိနဲ့ဂရုစိုက်ပေးဖို့ တောင်းဆိုချင်တယ် ။

" ဆောန် မောင်ပြောတာကြားလား "

" အင်းပါ "

" ဆောန်...မောင့်ကိုကြည့်ပါအုံး "

မောင့်စကားကြောင့်မောင့်ရင်ခွင်ထဲမျက်နှာအပ်နေရင်းမှ မောင့်ကိုမော့ကြည့်လိုက်သည် ။

ဆောန်Where stories live. Discover now