07

493 66 6
                                    

လှပတဲ့ နေထွက်ချိန်လေးဟာ ရောက်ရှိလာခဲ့ပြီ။
ကျေးငှက်လေးများကအပြင်ဘက်ရှိသစ်ပင်အို ၏အကိုင်းအခက်များပေါ်သို့နားခိုကာ သံစုံသီချင်းများသီဆိုနေကြသည်မှာ စိတ်ချမ်းမြေ့စရာကောင်းလှသည်။ဆောင်းဦးရာသီအလျောက် လမ်းမထက်နှင်းလုံးများကဟိုတစ်စဒီတစ်စ ။

" မောင်...မထသေးဘူးလား။ "

ထိုသို့ဆိုကာအခန်းထဲဝင်လာတဲ့အသေးလေးကြောင့် နိုးနေပြီဖြစ်သော်လည်း စချင်တာ
ကြောင့် အိပ်ဟန်ဆောင်လိုက်သည်။

ဆောန်ငယ်ကဘယ်လိုပုံစံလေးနဲ့ မောင့်ကိုနိုးမလည်းဆိုတာ သိချင်သည်။ အိကျသွားတဲ့အိပ်ယာကြောင့်ဆောန်အိပ်ယာပေါ်တက်လာပြီဆိုတာအတတ်သိသည်။ ထို့နောက် ရင်ခွင်ထဲတိုးဝင်းလာတဲ့ခေါင်းလုံးလုံးလေး။

ပုံမှန်ဆို ရင်ခွင်ထဲနှစ်ဝင်အောင်တိုးလို့ဖက်ထားမိမှာမှန်ပေမယ့် မောင်မနိုးသေးဘူးလို့သိထားတဲ့ဆောန်ကြောင့် ဟန်ဆောင်မပျက်ဘဲ ဆန္ဒကိုထိန်းချုပ်ထားရသည် ။

" မောင်...ထတော့လေ။ "

ရင်ခွင်ထဲမျက်နှာအပ်ကာ လုံးလုံးထွေးထွေးပြောလာတဲ့စကားလေးကြောင့် မောင်ဟာပြုံးယောင်သန်းသွားသည်။အသည်းယားဖို့ကောင်းတဲ့ဆောန်ငယ်ဟာ ဒီလိုပုံစံနဲ့တစ်နေ့တစ်မျိုးမရိုးရလေအောင် မောင့်ကိုနှိပ်စက်နေတာပဲ။

မထသေးပဲ မျက်လုံးအတင်းမှိတ်ထားသော
မောင့်ကိုဆော​န်က မရိပ်မိပဲနေမလားလေ။
မောင်ကလေ တစ်ခါတစ်လေ သိပ်ကလေးဆန်တာပဲ။

" မောင် ... မင်းမထရင် မင်းအဖို့မနက်စာကိုအမှိုက်ပုံးထဲပစ်လိုက်တော့မှာနော်။ "

အသံစွာစွာလေးနဲ့ မောင့်မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ပြောလာသည်။ထိုခါမှ မောင်ဟာ မျက်လုံးဖွင့်လာပြီး မောင့်မျက်နှာပေါ်က ဆောန်ငယ့်လက်လေးကိုအပေါ်မှအုပ်ကိုင်ပြီး
မောင့် နှုတ်ခမ်းပါးပေါ်သို့ဆွဲယူကာ နမ်းရှိုက်နေသည်။

အို ရင်တွေခုန်လိုက်တာဆိုတာလေ။ မောင်က
သိပ်ဆိုးတာပဲ။

" မောင့်မနက်စာလေးကိုတော့ချမ်းသာပေးပါကွာ။ ဆောန်အဲ့ဒါကိုပြစ်လိုက်ရင် မောင်ဘာ
သွားစားရမှာလဲ။မောင့်ကိုမသနားဘူးလား။ "

ဆောန်Where stories live. Discover now