02

685 92 2
                                    

" ဂင်မ်ဆောနူ ဘယ်မှာလည်း!!! "

မေးနေသည့်သူမှာအသားတွေတစ်ဆက်ဆက်တုန်နေအောင်စိတ်တိုနေသည့်ပုံ ခပ်ပါးပါးနှခမ်းဖူးတစ်စုံသည် တင်းတင်း​ေစ့ထားလျက် အံကြိတ်ထားသောကြောင့်မှေးရိုးတွေကထင်းနေသည် ။ အကြောင်းပြချက်မဲ့စွာမေးနေသည့်ထိုသူကို ကြောက်နေမိသည်။

" ဟို...ဟိုဘက်နားလေးကဝိုင်းမှာရှိပါတယ်ဗျ ကျွန်တော်လိုက်ပို့-

ထိုသူသည် သူ့စကားကိုမှအဆုံးထိနားမထောင်ခြေလှမ်းကျဲတွေဖြင့်သူညွှန်ပြသောဝိုင်းကိုလျှောက်သွားနေသောကြောင့်သူလည်း ဒီတိုင်းကြောင်ကြည့်နေလိုက်မိသည်။

" လာခဲ့စမ်း!! "

" ဘာလုပ်တာလဲ ပတ်ဆောင်းဟွန်း ငါအလုပ်လုပ်နေတာမမြင်ဘူးလား စကားပြောချင်ရင်ဒီမှာပဲပြော! "

" ဟား ဒီမှာပဲပြောရမှာပေါ့ ခင်ဗျားရဲ့အဆင့်အတန်းမရှိတဲ့သူငယ်ချင်းတွေရှေ့မှာလေ "

" ပတ်ဆောင်းဟွန်း! "

" လာခဲ့လို့ပြောနေတယ်လေ! "

မောင်သည် သူ့လက်လေးအားခက်ကြမ်းကြမ်း ဆွဲကာ ရုံအပြင်သို့ထွက်ဖို့ရာ လုပ်နေသည် သူလည်းငြင်းဆန်၍မရသောကြောင့်ထိုကောင်လေးဆွဲခေါ်ရာသို့ပါသွားရသည် ။ထိုကောင်လေးဘာတွေဒီလောက်ဒေါသထွက်နေတာလည်း?

" အ့ နာနေပြီ! "

" ဂင်မ်ဆောနူ ခင်ဗျားအရမ်းအရွဲ့တိုက်လို့ကောင်းနေလား! ခင်ဗျားမာမီ့ကိုအဲ့လိုအရွဲ့တိုက်လိုက်လို့ ဘာမှထူးလာမှာမဟုတ်ဘူး "

" ဟမ်? ငါနားမလည်ဘူး "

" အဟက် "

မောင်သည်ခပ်ဟ ဟရယ်လိုက်ပြီး ကားကိုအရှိန်တင်ကာမောင်းလိုက်သည်။ ထိုကောင်လေးတော်တော်ဒေါသထွက်နေတာပဲ အနဲငယ်ထူထဲသောမျက်ခုံးတန်းတွေကိုစုကြုံ့ကာ အံကြိတ်ထားပုံကိုကြည့်ပြီး ဘာကိုဒေါသထွက်လို့ထွက်မှန်းသူမသိပါ။

" မင်းဘယ်ကို​သွားနေတာလည်း "

" ပါးစပ်ပိတ်ထား! "

" ဒီမှာပတ်ဆောင်းဟွန်း မင်းဘာဖြစ်နေလည်းငါမသိပေမဲ့ မင်းငါ့ကိုအော်စရာမလိုဘူး ငါကမင်းလုပ်စာထိုင်စားနေတဲ့သူမဟုတ်ဘူး "

ဆောန်Nơi câu chuyện tồn tại. Hãy khám phá bây giờ