06

550 69 0
                                    

ဆောင်းဦးရာသီဟာ ဆောင်းရာသီသို့အမှန်အကန်မကူးပြောင်းသေးသော်လည်း ချမ်းအေးလှပါသည်။

ကားလမ်းမကြီးတွင်နှင်းမှုန်များက ဟိုတစ်စဒီတစ်စဖြင့်တည်ရှိနေသည်။ လမ်းမီးမှိန်မှိန်လေးမှာမြေပြင်ပေါ်သို့ကျရောက်မလာသေးဘဲ
လေ​ေပါ်တွင်သာ ရှိသေးသောနှင်းမှုန်အသေးလေးများကို မြင်ရစေရန်အကူအညီပေးသည်။

အေးချမ်းလှသည့်ညတစ်ညဖြစ်သည် နွေးထွေးမှုဆိုသည့်အဆအနတစ်ခုပင်မရှိ။ သို့သော် ကောင်လေးတစ်ယောက်မှာတော့ ထိုနွေးထွေးမှုလေးရှိရာသို့သွားချင်ချေပြီ။

လမ်းမကြီးပေါ်ရှိအဖြူရောင်ကားသည်
ထင်းကနဲ ။ညနေငါးနာရီပဲရှိသေးတယ်ဆိုပေမယ့် နေမင်းကြီးဟာ နှုတ်ဆက်သွားချေပြီ။

ထိုကားဖြူဖြူဟာ ရပ်ကွက်ငယ်တစ်ခုအတွင်းသို့ဝင်ရောက်ပြီး နွေးထွေးမှုလေးရှိရာအိမ်ငယ်ရှေ့သို့တစ်စိုက်မတ်မတ်ရောက်ရှိခဲ့လေပြီ။

ဖြတ်သွားဖြတ်လာလူများမှာတော့ကွက်ကြည့်ကွက်ကြည့်လုပ်သွားသေးသည်။သေချာပေါက် ဒီရပ်ကွက်ငယ်လေးထဲကလူတွေပဲပေါ့။
ထိုရပ်ကွက်ဟာကျယ်ကျယ်ဝန်းဝန်းမရှိပါ။

ထိုရပ်ကွက်ငယ်တွင်ရှိသောလူအများမှာတစ်ဦး
နှင့်တစ်ဦးရင်းရင်းနှီးနှီးပင်။ မိတ်သဟာရကောင်းသည်ဟုဆိုရမည်။

သို့သော်ဆောင်းဟွန်းအတွက်တော့မဟုတ်။ ထိုလူများသည်ဆောင်းဟွန်းအား ရှက်ကြောက်သည်လား၊အားနာသည်လား၊ ရှိန်နေသည်လားမသိ ။ထိုရပ်ကွက်ငယ်ထဲသူအကြိမ်ကြိမ်ရောက်ဖူးခဲ့သော်လည်း သူ့ကိုအကြိမ်ကြိမ်ကွက်ကြည့်ကွက်ကြည့်ဖြင့်လုပ်ပါသည်။

ကားအောက်ဆင်းကာ နွေးထွေးမှုသေးသေးလေးရှိသောအိမ်လေးထဲသို့ဝင်ရန်ပြင်တော့မှ တံခါးသော့ခတ်ထားသည်ကိုတွေ့ရသည်။

ကားထဲပြန်ဝင်ထိုင်ကာ ဆောန်အလာကိုစောင့်နေလိုက်သည်။နာရီဝက်လောက်စောင့်နေရပြီးရောက်မလာသေးသောနွေးထွေးမှုလေးကြောင့် စိတ်ပူရပြန်တယ်။

စိတ်ချရတာမှမဟုတ်တာ မောင့်အလှလေးကို။

ပင်ပန်းလာတာကြောင့်ရော၊ညတွေဆိုလွမ်းရတဲ့ဒဏ်ကြောင့်ညနက်တဲ့ထိမအိပ်ခဲ့ရတာကြောင့်ရော တစ်ချက်မှေးလိုက်ပြီးမျက်လုံးများမှိတ်ထားလိုက်တယ်။

ဆောန်Where stories live. Discover now