"ခဏ အကို၊ ခဏလေး..."
အတင်းပဲ ရုန်းထွက်လို့ပြီးမှ အသက်မရှူရသေးခင် အရင်ပြောလိုက်သည်။ သို့သော်လည်း အကိုဟာ တစ်ချက်သာပြုံးပြီး ကျွန်တော့်လည်ဂုတ်တွေကို လက်ဖြင့် ဆွဲယူပြန်သည်။
နမ်းနေသူက ပေါ်ပေါင်မှာ ခေါင်းကိုပြန်ချထားသည်မို့ နီးကပ်အောင် ကျွန်တော့်မှာ ခန္ဓာကိုယ်ကိုကိုင်းပေးထားရတာ ဘယ်လောက်တောင်များ ဒုက္ခရောက်လိုက်သလဲ။
ဒါတွေကို အကိုဟာ အပြုံးတစ်ပွင့်နဲ့ နှစ်သိမ့်ပေးပြီး ကျွန်တော့်ကို အသက်ရှူလို့ မရသည်အထိ၊ ကျွန်တော့် လျှာတွေအထိပါ ရစ်ပတ်ပြီး မျှဝေခံစားလို့ ဦးဆောင်နေသည်က တကယ့်ကိုရစ်မူးနေသည့်ပုံပါ။
"အ ကို...."
လည်ဂုတ်အပေါ်မှာ စန္ဒယားတီးနေသလို လက်ချောင်းလေးတွေကို အဖိနဲ့အဖော့နဲ့ ယှက်ပြေးနေသည်ကြောင့် ကျွန်တော့်မှာ ထိန်းမရ၊သိမ်းမရတွေဖြစ်ရတော့သည်။
ဒီနာမ်စားကို ရင်ဖိုလှိုက်မောနေရင်း ခေါ်မိလိုက်တော့ ကျွန်တော့်မျက်နှာနဲ့နီးကပ်စွာရှိနေတဲ့ အကို့မျက်နှာဟာ ချက်ချင်းပဲလင်းလက်လို့သွားသည်။ ပြီးသည်နှင့် အကိုဟာ ကျွန်တော့်နှုတ်ခမ်း အစွန်းတစ်ဖက်ကို ဖိကပ်လို့နမ်းသည်။
တရွေ့ရွေ့နဲ့ တဖွဖွလေး ကျွန်တော့်မျက်နှာအနှံ့ကို အနမ်းတွေဝေမည်လို့ မျှော်လင့်ထားသော်လည်း နှုတ်ခမ်းအစွန်းတစ်ဖက်ကို စူးနင့်လို့ နမ်းနေသူသည် သူနမ်းလို့ဝကာမှ...
"သော် ပြုံးလိုက်ရင် ဒီနေရာလေးက ကွေးတက်သွားတာ သိပ်ချစ်စရာကောင်းတယ်" ဟု ပြောလာသည်။ကျွန်တော့်ရင်ခွင်ထဲမှာနေပြီး ကျွန်တော့်ရုပ်နှင့်နာမ်ကို စိုးမိုးထားသည်ကို ကျွန်တော်ကိုယ်တိုင်ကလည်း ကြည်ဖြူရက်ရောနေသည့် ဖြစ်အင်တွေနဲ့...
"ကိုယ်တို့ ဘုရားပေါ်မှာ ရောက်နေတာနော့.."
အကိုပြောမှာပဲ ကျွန်တော့်မှာ ရုတ်ချည်း ဘေးဘီကို အကြည့်ဝဲလိုက်ရသည်။ တောင်ပေါ်တက်လာခဲ့ပြီး ဒီဘက်က အသွယ်နေရာလေးမှာ ရှုခင်းကြည့်နေရင်းက ကျွန်တော့်ပေါင်တွေပေါ်ခေါင်းအုံးလာသူသည် ကျွန်တော့်အား အရာရာကိုမေ့လျော့အောင် ပြုစားနိုင်သူ ဖြစ်ခဲ့သည်။
![](https://img.wattpad.com/cover/286730935-288-k902578.jpg)
အပိုင်း (၅၇)
Start from the beginning