ပုဂံမြေနှင့် ခိုင် Ep- 25

Start from the beginning
                                    

"အိန္ဒြာ အစာအိမ်ရောဂါကပြန်ထလာပြန်ပြီလား။ အစားပုံမှန်စား မတည့်တာရှောင်လေ သမီးရဲ့" ထိုဆရာဝန်မကြီးမှာ အိန္ဒြာတို့ Family Doctorဖြစ်သည်။ ဆေးရုံသို့လိုက်လာရချင်းမှာ ထိုဆရာဝန်မကြီးရဲ့ ဂျူတီချိန်မလို့ သူရှိသည့်နေရာကိုသာလိုက်သွားရချင်းဖြစ်သည်။

"ဟုတ်"

"နေကောင်းအောင်နေနော် ငယ်ငယ်ကပြောတော့ အားလုံးကိုကယ်မယ့်ဆရာဝန်မကြီးလုပ်မယ်ဆိုပြီးတော့"

"ကယ်မှာပါ ဟီးဟီး အခုတော့ အိန္ဒြာကိုအရင်ကယ်ပေးအုံး"

"ဟုတ်ပါပြီ ဆေးကျောင်းမှီလား အမှတ်က"

"ဟုတ်မှီတယ်။ မှီပေမယ့် UKမှာ ကျောင်းသွားတတ်ဖို့အိမ်ကိုပြောမလို့"

"သမီးတကယ်လား" အိန္ဒြာအမေကဝင်မေးသည်။

"အင်းတကယ် သမီးတွေးပြီပြီ" အိန္ဒြာအမေမျက်နာမှာမှိုရသွားသည့်အလား ပျော်သွားသည်။

"ကောင်းတာပေါ့သမီးရဲ့ အန်တီတော့အဲ့တာအားပေးတယ် အခွင့်အလမ်းပိုများတယ် ပြည်ပမှာ"

"သမီးသွားတတ်ရမလားအန်တီ"

"တစ်ချိန်မှာ အလုပ်တူတူတွဲလုပ်ခွင့်ရချင်တယ်နော်"

"စိတ်သာချ" စပ်ဖြီးဖြီးလုပ်ကာ ဖြေလိုက်တော့သည်။

အိန္ဒြာအမေမှာအပျော်ကြီးပျော်လို့နေသည့်။ ယခင်ကဘယ်လောက်လွှတ်လွှတ်မသွားဘူးဟုဘူးခံငြင်းတဲ့လူတစ်ယောက်က ဒီလိုထူးထူးခြားခြား သူ့ဘက်ကစပြီးသွားဖို့ပြောသည်ကိုမယုံကြည်နိုင်ဖြစ်လို့နေသည့်။ အိမ်ပြန်ရောက်ကတည်းက အိန္ဒြာကညအဖေပြန်လာမှဆွေးနွေးမယ်ပြောလို့ အလုပ်လုပ်နေသည့် အိန္ဒြာအဖေကိုအတင်းစောစောပြန်ခဲ့ဖို့ပြောသည့်ထိ ပျော်နေခဲ့သည်။

"အိန္ဒြာ မလင်းဝင်လာလို့ရမလား"

"ဟုတ်မလင်း ဝင်ခဲ့လေ အိန္ဒြာလော့မချထားဘူး" တစ်အိမ်လုံးက အိန္ဒြာအခန်းဆိုတံခါးမခေါက်ပဲဝင်တတ်ပေမယ့် အခြားသူတွေနဲ့မတူသည်မှာ မလင်းဟာဝင်ခါနီးအမြဲခွင့်တောင်းတတ်သည်။

"အဆင်ပြေလာပြီလားအိန္ဒြာ။ အရင်နေ့ကထပ်တော့ အဆင်ပြေလာသလိုပဲ"

ပုဂံမြေနှင့် ခိုင်Where stories live. Discover now