Ruff- ••••
အုပ်ထားသည့်လက်အား ဆွဲဖယ်နေသည့် Andoshi ကြောင့် Ruff မှာ ခေါင်းကိုက်လာသည် ။ သူက Andoshi ၏ လက်နှစ်ဖက်အား ပြန်လည် ဆုပ်ကိုင်လိုက်ပြီး ဘေးသို့ လဲချလိုက်သည် ။ မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့် ကြောင်တောင်တောင် ကြည့်လာသည့် Andoshi ကြောင့် Ruff ၏ မျက်ဝန်းထဲတွင် အနက်ရောင်အလင်းတချို့ ဖြတ်ပြေးသွားသည် ။
Andoshi သည် အောက်နူတ်ခမ်းမှ ဆစ်ခနဲ နာကျင်မှုကို ခံစားမိလိုက်သည် ။ မိနစ်ပိုင်းလောက် ငြိမ်သက်သွားသည့် Andoshi သတိပြန်ဝင်လာချိန်တွင် Ruff သည် အခန်းထဲမှ ထွက်သွားပြီဖြစ်သည် ။
" ငါ့ကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီ " Andoshi ၏ မျက်နှာလေးက တစ်ချက်တွန့်သွားသည် ။ " သေချာပေါက် ငါလုပ်(ကိုက်)ရမှာကို "
**
Ruzel သည် Dungeon ၏ ခွဲတမ်းအား စီမံနေသဖြင့် အလုပ်ရှုပ်နေသည် ။ ယခင်က Loryard မြို့ပိုင် Dungeon များမှာ အသိမ်းခံလိုက်ပြီဖြစ်သဖြင့် ဤ Dungeon ကိုသာ မှီခိုရမည်ဖြစ်သည် ။ လယ်ယာများအတွက်မှု စစ်ပွဲကြောင့် ပျက်စီးမှုများအား ပြင်ဆင်ပြီးသည့်တိုင် စွမ်းအင်စိမ့်ဝင်မှုကြောင့် စိုက်ပျိုးမှုက သိပ်မထိရောက်သေးချေ ။ သူတို့က ထိုစွမ်းအင်အား ဖယ်ရှားရန် အရည်အချင်းရှိသည့် ကုသသူတစ်ယောက် လိုအပ်သည် ။
Ruff ; Ruzel အား ရှာတွေ့ ချိန် သူသတ်ထားသည့် နဂါး၏ အစိတ်အပိုင်းများ ခွဲခြားရာနေရာသို့ ရောက်နေတာပင်။ Ruff ၏ မျက်နှာက ပြောင်းလဲသွားခြင်းမရှိသော်လည်း မျက်ဝန်းများမှ အပြစ်ရှိစိတ်များ ပြည့်နှက်နေသည် ။ သူက Ruzel ၏ ခေါင်းလေးအား ခပ်ဖွဖွပုတ်လိုက်၏။ သို့သော် လက်သည် တောင့်တောင့်ကြီးဖြစ်နေပြီး ဤကဲ့သို့ အပြုအမှုမျိုး မလုပ်ဖူးသည်မှာ သိသာလှသည် ။
" ဒီနှစ်တွေ မင်းကို ဒုက္ခများစေခဲ့ပြီ "
Ruzel က တည်ငြိမ်အေးဆေးသည့် အပြုံးလေးဖြင့်
" ကျွန်တော့် တာဝန်ကို ကျွန်တော်လုပ်နေတာပါ .. အဆင်ပြေပါတယ် "
ရင့်ကျက်သွားပြီဖြစ်သည့် Ruzel အား ကြည့်ရင်း Ruff က သူ့မှတ်ဉာဏ်ထဲက ဂျစ်ကန်ကန် လူငယ်လေးအား သတိရမိသွားပြီး အနည်းငယ် နှမြောတသဖြစ်မိသွားသည် ။