Arc.6.12
3.2K 540 34
" ဟမ့်.. စုယန်ချုး!! စုယန်ချုး!! အရင်က မင်းက စီသခင်လေးရဲ့ အကာအကွယ်အောက်မှာ မရှိဘူးဆိုရင်.. ဒီနေ့ထိ မင်းလွှတ်နိုင်မယ် ထင်နေလား .. " ဝေဝါးသည်အသံတို့ကြောင့် စုယန်ချုးက မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားခဲ့ပြီး ဖွင့်ဖို့ကို ငြင်းပယ်နေသည် ။ သူ အရင်အဖြစ်အပျက်တွေဆီကို ပြန်မ‌ရောက်ချင်ဘူး ... ကူကယ်ရာမဲ့နေတဲ့ ခံစားချက်တွေကို ထပ်မခံစားချင်ဘူး.. စီယုရီရဲ့ သစ္စာဖောက်‌မှုတွေက သူ့စိတ်ထဲမှာ သံမှိုစွဲထားသလိုဘဲ ..
သူက အဲ့ဒီလူကို မုန်းလွန်းလို့ .. သူ့နှလုံးသားထဲကနေ ထွက်ပေါ်လာတဲ့ အချစ်အမုန်း တစ်ခုမှ‌ကို မပေးချင်တော့ဘူး ..
" အခု စီရန်ယွီ က ထောင်ထဲမှာ အဆုံးသတ်သွားပြီ ဆိုမှတော့ .. မင်းရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေ အဆုံးသတ်ပြီ.. ဟားးဟားး အခု မင်းက ဘယ်သူ့ကို အားကိုးမလဲ ကြည့်ရအောင်.." ထပ်ကာထပ်ကာ ကြားနေရသည့် အသံက သူ့နားထဲသို့ တီးတိုးပြောနေဟန် သူ ရုန်းထွက်ချင်နေသော်လည်း ရုန်းလေ နစ်လေ ဖြစ်နေသည့် ရွံနွံတော ပမာ ‌။
" မဟုတ်ဘူး!!!! " ကျယ်‌လောင်သည့် အသံနဲ့အတူ စုယန်ချုးသည် ချွေးများ ရွဲနစ်လျက် နိုးထလာခဲ့သည် ။
" ရှောင်ချုး!! ရှောင်ချုးး !! အဆင်ပြေရဲ့လား .." ချိုသာစွာ မေးလာသည့်အသံက လူတို့၏ နှလုံးကို အေးချမ်းစေနိုင်သော်လည်း စုယန်ချုး၏ နှလုံးသားကိုတော့ ရွံ့ ရှာမှုများနဲ့ ပြည့်နှက်သွားစေသည် ။ အိမ်တော်ထိန်းဝမ် နဲ့အတူ မြင်နေကျအစေခံများက ထိုအဖြစ်ဆိုးကြီး သူ့ထံ မဖြစ်လာနိုင်တော့ဟူသည့် ခံစားချက်ကို ရလိုက်ခြင်းကြောင့် သူက အနဲငယ်စိတ်သက်သာရာ ရသွားသော်ငြား ခြောက်ခြားသည့် စိတ်အခြေအနေကတော့ ရှိနေဆဲပင် ။
စီယုရီက စုယန်ချုး၏ လစ်လျုရှုမှုကို တွေ့ ရသောအခါ မသက်မသာ ခံစားလိုက်ရပြီး ထိုသို့ မဖြစ်သင့်ဟုသည် တွေးမိမလိုပင် ဖြစ်သွားခဲ့သည် ။ သူက ရုတ်တရက် ထွက်လာသည့် ရှားပါးသည့် ဒေါသအား ဖြေလျော့ရန် အခန်းတွင်းသို့ လှည့်ပတ်ကြည့်လိုက်သည် ။
ဆေးပုလင်းအား အေးဆေးသက်သာစွာ ဖောက်နေသည့် လူငယ်တစ်ယောက်က သူ့မြင်ကွင်းထဲသို့ ထင်းခနဲပေါ်လာခဲ့သည် ။ ကျောစိမ့်ဖွယ် အေးစိမ့်မှုကို ရလိုက်ခြင်းကြောင့် ရုတ်တရက် သူ့လည်ပင်းသူပြန်စမ်းမိလိုက်ပြီးမှ သူ့ရှေ့က လူအား ပြန်ကြည့်လိုက်သည် ။ နွေးထွေးသည့်အပြုံးလေးဖြင့် ပြုံးပြနေသည့် သူကြောင့် သူထင်ယောင်ထင်မှား ဖြစ်နေခြင်းသာဟု မှတ်ယူလိုက်သည်။ သူက အိမ်တော်ထိန်းဝမ်ကိုသာ လှည့်ပြောလိုက်တော့သည် ။