Arc.7.15
2.7K 487 38
" ဘယ်လိုလဲ.. ဗုံးတွေနဲ့ ဆော့ရတာ ပျော်ဖို့ကောင်းလား.."
အခုချိန်တွင် Liam က မြေရိုင်းပေါ်တွင် ပက်လက်လန်လျက် ရှိနေခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရသည့် ဒဏ်ရာအနည်းငယ်က သူ့ကိုယ်ပေါ်တွင် ရှိနေခဲ့ကာ မီးခိုးမှုန့်များက ချောမောသည့် မျက်နှာထက်တွင် စွန်းထင်နေသည် ။
ထေ့ငေါ့သည့်စကားသံကို ကြားသည့်အချိန်တွင် သူက မျက်လုံးလှန်ကြည့်ရုံသာ တတ်နိုင်လေသည် ။ ခရော့စ်သည် သူ့ဦးခေါင်းဘက်တွင် မတ်တပ်ရပ်နေခဲ့ကာ ငုံ့ကြည့်နေခဲ့သည်ကို တွေ့လိုက်ရသည် ။ အင်္ကျီအဖြူသည် အခုချိန်တွင် မီးခိုးရောင်များ ရောယှက်နေပြီဖြစ်ကာ မျက်နှာထက်တွင် တစ်စုံတစ်ခုနဲ့ ခြစ်မိထားပုံရသည့် ဒဏ်ရာတစ်ခုက သွေးစို့လျက် ရှိနေခဲ့သည် ။
Liam က ဘေးပတ်လည်ကို တစ်ချက်ဝှေ့ကြည့်လိုက်သည်။ မီးတောက်များ မရှိတော့သော ဂြိုလ်ငယ်သည် မီးကျွမ်းနေသည့် မြေရိုင်းများသာ ကျန်ရစ်နေခဲ့တော့သည် ။ သူက ခရော့စ်သို့ လက်ဆန့်တန်းလိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်သည် ။ " သူရဲကောင်း လုပ်ရတာ ကြိုက်တယ်လေ .. "
" နောက်တစ်ခါ .. ကိုယ့်အသက်ကို မကစားနဲ့ .. " ခရော့စ် ၏ သတိပေးသည့် အကြည့်ဖြင့် ကြည့်ရင်း ပြောကာ အနီးအနားရှိ အဆောက်အဦးပျက်တစ်ခု၏ အုပ်လှေကားထစ်ပေါ်တွင် ထိုင်ရန် ပြင်ပေးလိုက်သည် ။ Liam ၏ ဒဏ်ရာများသည် သိပ်မပြင်းထန်သောကြောင့် သူက လက်တစ်ဖက်ဖြင့် ထောက်ကာ နံရံကို မှီလျက် သူ့ရှေ့က လူအား မော့ကြည့်လိုက်သည် ။
Liam ၏ လက်က ခရော့စ်၏ မျက်နှာထက်ရှိ ဒဏ်ရာထံသို့ လှမ်းထိလိုက်သည် ။ သူ့လက်က ခရော့စ်၏ မျက်နှာသို့ မထိမိ ဆုပ်ကိုင်ခံလိုက်ရ၏ ။ ခရော့စ် က လှေကားအောက်တစ်ဆင့်အား အားပြုလိုက်ကာ ငုံ့ကိုင်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် Liam ၏ မျက်နှာအား ထိ‌တွေ့လိုက်သည် ။ နှစ်ယောက်သား အကြည့်ဆုံသွားသည့် အခိုက်တွင် ခရော့စ်က ပါးပြင်‌အား အသာပွတ်သပ်လိုက်ပြီး " နောက်ကို .. မဆင်မခြင်လုပ်ရင် .. မင်းကို သိမ်းထားတော့မှာ .."
စကားဆုံးသည်နှင့် နူတ်ခမ်းတို့သည် အနမ်းတစ်ခုနဲ့အတူ ထပ်တူကျသွားတော့သည် ။