Arc.4.5
3.8K 632 50
‌မနက်နေရောင်သန်းလာချိန်တွင် တောနက်သည် သိပ်ခြောက်ခြားစရာ မကောင်းတော့ပေ ။ သားကောင်များ ဟိုဟိုဒီဒီ ပြေးလွှားနေသည့်အပြင် မုဆိုးများကိုလဲ တွေ့ရတတ်သည် ။ ဂူထဲတွင် ရီဗဲလ်က နိုးထလာကာ ချက်ချင်းအလန့်တကြား ထထိုင်လိုက်သည် ။ သူကြောက်လန့်သည့်အရာဖြစ်သည့် ဆာလောင်မှုကို မခံစားရသဖြင့် ခေတ္တမျှမတုန့်ပြန်နိုင် ဖြစ်သွားခဲ့သည် ။
မနေ့ကလို အခြေအနေဖြစ်သည့်အခါတိုင်း သတိလွှတ်သွားတတ်ကာ သတိပြန်ဝင်လာချိန်တွင် ပြင်းထန်သည့် ဆာလောင်မွတ်သိပ်မှုကို ခံစားရလေသည် ။ အခြား vampire များဆိုလျှင် ထိုအခြေအနေဖြင့် တိုက်ပွဲတချို့ဖြစ်ပွားနိုင်သော်လည်း သူက သွေးဆာနေလျှင်တောင် အားနည်းသည့် ခွန်အားကြောင့် အမဲလိုက်နိုင်ခြင်းမရှိချေ ။ ထို့အတွက် သတိပြန်ဝင်လာချိန် တန်ပြန်သက်ရောက်မှုကို ခံစားရခြင်းပင် ။
သူ့လက်က ခပ်တင်းတင်းဆုပ်ကိုင်ထားသည့်အရာတစ်ခုကို ခံစားမိလိုက်သဖြင့် ငုံ့ကြည့်လိုက်သည့်အချိန်တွင် ရှည်သွယ်သွယ် လက်ချောင်းတွေက မျက်လုံးထဲ အရင်ဝင်လာလေသည် ။ သူ့လက်ထက် ကြီးမားကာ အကြောများဖြင့် ကြည့်ကောင်းသည့်လက်တွင် ဓားရာတစ်ခုရှိနေကာ သွေးများ ခြောက်နေသည်ကို တွေ့လိုက်ရသည် ။
အင်း!!!
ခပ်တိုးတိုးညင်းသံက သူ့ဘေးနားမှ ထွက်လာခဲ့ကာ ထိုလက်ပိုင်ရှင်သည် သူ့အား ပြန်လှဲချလိုက်လေသည် ။ ဆွဲကပ်လာသည့် သူကြောင့် ရီဗဲလ်က ရိုမန်၏ ရင်ခွင်ထဲတွင် မြုပ်သွားတော့လေသည်။ ရီဗဲလ်က ရိုမန်အား တစ်ချက်မော့ကြည့်လိုက်ချိန်တွင် နီးကပ်လွန်းသဖြင့် မျက်လုံးမှိတ်ထားသည့် ထိုသူ၏ မျက်တောင်ခပ်စိတ်စိတ်ကိုပင် မြင်နေရလေသည် ။ မနေ့ညက အဖြစ်အပျက်များသည် သူ့မှတ်ဉာဏ်ထဲတွင် ပြန်ရောက်လာလေသည် ။ မသိလိုက်မသိပါဘဲ ရင်အုပ်ကျယ်ထံသို့ တဖြည်းဖြည်းတိုးဝင်သွားခဲ့မိသည် ။
ရီဗဲလ်က တွန့်ဆုတ်စွာ ရိုမန် တကယ်အိပ်မအိပ် တစ်ချက်ကြည့်လိုက်ပြီး မနိုးသေးကြောင်း သေချာသွားမှ သူ့လက်လေးများကို ရိုမန်၏ ခါးထက်သို့ ပို့လိုက်ကာ ပြန်လည် ဖက်တွယ်လိုက်သည် ။ တစ်ခါမှ မရဘူးသော်လည်း ရင်းနှီးနေသည့် ကိုယ်သင်းနံ့က သူ့အား သက်တောင့်သက်သာ ခံစားရစေပြီး ရင်ခွင်ကျယ်သည့် သူ့အား လုံခြုံမှုကို ပေးစွမ်းနိုင်ခဲ့သည် ။