" မဟုတ်ဘူး .. မဟုတ်ဘူး .. မင်းနဲ့ အတူရှိနေတဲ့အချိန်တိုင်း အဖိုးမဖြတ်နိုင်တာကို ကိုယ်က ဘယ်လိုလုပ်ပျင်းရဲမှာလဲ ။ " Shun မှာ အသဲအသန် လက်ခါလျက် ငြင်းဆန်လိုက်သည် ။ သူက Regis အား ဖြေရှင်းရမှာတွေးရင်း ပျင်းရိနေခြင်းသာ ။ 
Shun က သက်ပျင်းဖွဖွချရင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ Ruzel အား ရင်ခွင်ထဲသို့ ထည့်လိုက်သည် ။ လက်ရှိ သူ နှစ်သိမ့်မှုတစ်ခု အလွန်လိုအပ်နေသည် ။ သူ့ညာလက်က ခါးသွယ်သွယ်ထက်တွင် ခိုင်မြဲစွာ ရောက်နေပြီး ကျန်လက်ဖြင့် ခေါင်းလေးအား ညင်သာစွာ ထိန်းကိုင်ထားသည် ။
သူက မှတ်ဉာဏ်ပြန်ရပြီးတာတောင်မှ Loryard မြို့အား အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားနေသည့် Ruzel အား နှစ်နှစ်လုံး တစိမ့်စိမ့်ကြည့်နေခဲ့တာဖြစ်သည် ။ သူ့တွင်လည်း မဖြစ်မနေ လုပ်ကိုလုပ်ရမည့် လုပ်စရာတစ်ပုံကြီး ကျန်နေသေးသည်ကို သတိရမိသွားသည် ။ သူ လစ်လျုရှုဖို့ ကြိုးစားနေသော တာဝန်ကြီး တစ်ခု ။
" ကိုယ် တာဝန်သိတတ်တဲ့သူ မဖြစ်ချင်ဘူး .. တကိုယ်ကောင်းဆန်တဲ့သူဘဲ ဖြစ်ချင်တယ် " Shun က မကျေမနပ်အသံဖြင့် ရေရွတ်လိုက်သည် ။ သူ့ကြည့်ရသည်က သူမတရားခံရသည်ကို တိုင်ကြားချင်နေသည့် ကလေးတစ်ယောက်နှယ် ။
" ဘယ်သူက မင်းကို ဒီလောက်တော်နေဖို့ ခွင့်ပြုလို့လဲ .. ပါရမီရှင်တွေက တာဝန်ယူရတာ ပုံမှန်ဘဲ " ခပ်ဖွဖွပြောလာသည့် Ruzel ကြောင့် Shun ၏ နူတ်ခမ်းတို့က အလိုမကျစွာ တွန့်သွားခဲ့၏ ။
Ruzel ၏ လက်‌ချောင်းတို့က Shun အား နှစ်သိမ့်ပေးသည့်ဟန် ကျောပြင်အား အသာပုတ်လိုက်သည် ။ သူက ဒီလူ၏ အခြေအနေ ၊ ပုံစံအစစ်အမှန်တို့အား သေချာမသိချေ ။ သူသိသည်က ဒီလောကက ပုံရိပ်ယောင်ဆိုတာရယ် သူ့လက်ထဲက လူက ဒီလောကက မဟုတ်ဘူး ဆိုတာရယ်သာ ။ ရယ်စရာကောင်းသည်က ဒီလူရဲ့ နာမည်အစစ်အမှန်မဆိုထားနဲ့ ရုပ်ရည်က မည်သို့မည်ပုံရှိသည်ကိုပင် မသိဘူးဖြစ်သည် ။
Ruzel က ထို‌အကြောင်းအား စဉ်းစားမိရင်း မတတ်နိုင်စွာ သက်ပြင်းချရတော့သည် ။ " ဒီလောကကြီးမှာ အချစ်က တစ်ယောက်ကို မြန်မြန်ကျဆုံးစေနိုင်တာဘဲ "