Chapter《62》

Mulai dari awal
                                    

သူတို့မိသားစု ဆောင်းရာသီအားလပ်ရက်မှာ ကျွန်းတစ်ကျွန်းကို သွားခဲ့ကြပြီး လေဆိပ်မှာ မမျှော်လင့်ပါဘဲ ဆွေချင်းချီနဲ့ဆုံခဲ့ကြတာဖြစ်သည်။ ရှောင်ပေါင်က တအံ့တဩနဲ့ ဓာတ်ပုံတွေ အတွဲလိုက် ပို့လာခဲ့ပြီး သူဟာတကယ့်ကို နီးနီးကပ်ကပ်ဖြစ်နေတဲ့ အကွာအဝေးမှာ ရှိနေခဲ့သည်။

အန်းနင်ပင် သူ့ကို အားကျသွားရပြီး မေးလိုက်မိသည်။

≪မင်းက ဘယ်လိုလုပ်ပြီး သူနဲ့ နီးကပ်သွားရတာလဲ?≫

ရှောင်ပေါင်က ပြောလာ​၏။

≪အဲ့လိုမဟုတ်ဘူး, ပထမဆုံး ပုံတချို့ကဘဲ ငါရိုက်ထားတာ၊ ကျန်တဲ့ပုံတွေက Fansite Administratorတွေ Weibo မှာတင်ထားတာတွေလေ။ ဒါပေမယ့်လဲ အိုးမိုင်ဂေါ့ပဲဟေ့ !! တကယ်ဘဝမှာ သူက တကယ်ကို ချောတာပဲ!! သူက သာ့ကောနဲ့ထိပ်တိုက်လောက်ရှိတယ်!"≫

အန်းနင်မှာ ချင်ဝေ့ဟော်ကို ကြည့်မိသွားသည်။ ချင်ဝေ့ဟော်က ထိုင်ခုံမှာထိုင်နေပြီး နို့သောက်ရင်း ဖုန်းပွတ်နေပေမယ့်WeChatကို ရောက်နေတာတော့ မဟုတ်ပေ။ သူ့အကြည့်က အရမ်းသိသာလွန်းသောကြောင့်ဖြစ်မည်; ချင်ဝေ့ဟော်က သူ့ကို ပြန်ကြည့်လာကာ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်တူသည်။

သူက ခေါင်းငုံ့ကာ WeChatကို ဖွင့်လိုက်​၏။

အန်းနင် သူ့ကို တားချင်ပေမယ့် အရမ်းနောက်ကျသွားပြီ​။

ချင်ဝေ့ဟော်က WeChat Groupထဲက Conversation ကို မြင်သွားခဲ့ပြီပင်။ ရှောင်ပေါင်က အခုထိ Groupထဲမှာ အော်ဟစ်နေဆဲဖြစ်သည်။

≪အန်းနင်ကော, မင်း သာ့ကောရဲ့ပုံကို ရိုက်ပြီး ယှဉ်ဖို့အတွက် ငါ့ကို ပို့ပေးမယ်ဆိုရင်ကော! ≫

ဒါက ဟာသတစ်ခုဖြစ်သည့်တိုင် အလွန့်အလွန်ကို မသင့်တော်လှပေ။ အန်းနင် တွေးမိ​၏။

သူရော Groupထဲရှိနေတယ်ဆိုတာ မင်း မသိဘူးလား?! သူဘာမှမပြောရင်တောင် ဘာမှ မမြင်ဘူးလို့ ဆိုလိုနေတာမဟုတ်ဘူးလေကွာ....!

ချင်ဝေ့ဟော်က သူ့ကို ကြည့်လာခဲ့သည်။ အန်းနင်ခမျာ ပြုံးဖြဲဖြဲနဲ့ ပြောရုံသာတတ်နိုင်သည်။

"သူက စနေတာပါ..."

ဖုန်းရဲ့ တစ်ဖက်မှာက အသက်ဝင်နေသော်လည်း သူဖုန်းကို ချလိုက်သည်နှင့် ထို အသက်ဝင်နေတဲ့ ခံစားချက်များမှလွတ်မြောက်သွားရသည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Tempat cerita menjadi hidup. Temukan sekarang