『Unicode』
လေးရက်မြောက်နေ့ပြီးပါက အန်းနင် KFCအလုပ်ကို ပြန်သွားရမည်ဖြစ်သည် ; ဒီနေ့က သူ့အတွက်နောက်ဆုံး အားလပ်ရက်ပင်။ ဒီမနက်ခင်းမှာ သူနဲ့ ချင်ဝေ့ဟော်တို့ နေမြင့်သည်အထိ အိပ်ခဲ့ကြ၏။ တစ်ခါတည်းနဲ့ ကျန်တဲ့တစ်ဘဝလုံး အိပ်သွားနိုင်သည့်နှယ် နှစ်ယောက်လုံး ဘယ်သူမှ မထချင်ကြပေ။
တွေဝေစွာနဲ့ တစ်ဖက်လှည့်လိုက်လျှင် မျက်နှာချင်းဆိုင်မှာ စောင်ခေါင်းမြှီးခြုံထားပြီး လက်မောင်းတစ်ဖက်သာ စောင်အပြင်ထွက်နေတဲ့ ချင်ဝေ့ဟော်ကို မြင်နေရသည်။ ဒါလဲ မဆိုးပါဘူးလို့ သူတွေးတဲ့အတွက် သူ့မျက်ဝန်းတွေကို ပြန်မှိတ်လိုက်မိ၏။
ထို့နောက်မှာတော့ သူ အိပ်မက်တစ်ခုမက်ခဲ့သည်။ အိမ်မက်သည် သူ ချင်ဝေ့ဟော်ကို ဥပဒေသိပ္ပံသင်ပေးနေတဲ့နေရာဖြစ်၏။ သူတို့တွေက '入'-ပုံစံအနေအထားနဲ့ ထိုင်နေတုန်းဖြစ်ပြီး အန်းနင်က ချင်ဝေ့ဟော် အတွက် သူ့ခံစားချက်များကို သတိမထားမိသေးသော 'အန်းနင်' ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ကာ ရုတ်တရက် ထို မြင်ကွင်းထဲသို့ ဖြတ်ကျော်ဝင်ရောက်သွားပုံရသည်။
ဒါက အပြိုင်ကမ္ဘာတစ်ခုဖြစ်မည် ထင်ရသည်။ ပြီးလျှင် အရာအားလုံးက သူနဲ့မဆိုင်ပါသော်လည်း သူဟာ သူကိုယ်တိုင်နဲ့ချင်ဝေ့ဟော်အတွက် အောင်သွယ်လုပ်ဖို့ အိုင်ဒီယာရှိနေဆဲဖြစ်၏။ ဒါကြောင့် လက်ထဲမှာ သင်ထောက်ကူပစ္စည်းတွေနဲ့ သူ့ဘေးက လူချောထံ လှည့်သွားရင်းပြောလိုက်သည်။
"ချင်ဝေ့ဟော်, ငါမင်းကို ကြိုက်တယ်"
သို့တိုင် ချင်ဝေ့ဟော်ကတော့"အိုး"ဟူသောအသံသာ ပေးလာခဲ့သည်။ အန်းနင်မှာ မေးကို လက်တစ်ဖက်နဲ့ထောက်ထားလျက် အာရုံမရှိတဲ့မျက်လုံးတွေနဲ့ ဖတ်စာအုပ်ကို ကြည့်နေသော ချင်ဝေ့ဟော်ကို ကြည့်နေမိခဲ့သည်။ သူ ရယ်ချင်မိသွား၏— ဒီလူက ဘာကြောင့်များ စိတ်မပါရတာလဲ?
၎င်းက သူ ဥပဒေသိပ္ပံသင်ခန်းစာရှင်းပြနေတာကို နားထောင်မနေတာ ဖြစ်သွားရ၏။
သူ့ကမ္ဘာက ချင်ဝေ့ဟော်သည်လည်း အတူတူ ဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်နာရီကျော်ကြာအောင် သူတို့တွေအတူတူထိုင်နေခဲ့တဲ့ အချိန်အတောအတွင်းမှာ ချင်ဝေ့ဟော်က တခြားကို စိတ်ရောက်နေပြီးပဲရှိနေတာဖြစ်သည်။
YOU ARE READING
လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』
Romance柠檬闪电 by "Dr.Solo" ||Burmese Translation|| Shounen Ai, School Life, Slife-of-life, Sports 65 Chapters ( Completed ) CP : Qin WeiHeng & An Ning 16.12.2021 >> 2.3.2022 If you want to read with English translation, you can visit the following link...