Part 9(Uni+Zawgyi)

Start from the beginning
                                    

~~~~~~~~~~~~

ခန့်မင်းတစ်​ယောက်  ဒီ​နေ့ စိတ်လှုပ်ရှား​နေ၏။ မာမားက သူနဲ့ ​ပေးစားမယ့်​ကောင်​လေးအိမ်လာမည်ဆို​သော​ကြောင့်။

"သား​ရေ ဧည်သည်​တွေ လာပြီ
ဆင်းခဲ့​တော့ "

ကားသံအိမ်ထဲဝင်လာပြီး​နောက် မာမား ​အော်သံ
"ဟုတ်မာမား သားလာပြီ "

ခန့်မင်း  အ​ပေါ် ထပ်မှဆင်းလာခဲ့သည်။ ဧည့်ခန်းထဲတွင်ထိုင်​နေ​သော အသက် ၆၀​ကျော် အန်တီတ​စ်ယောက်နှင့် မိန်းမလှ​လေးတစ်​ယောက် ။

"သား ခန့်မင်း​လေး ​တောင်ဒီအရွယ်​ရောက်လာပြီလား အန်တီကြီးကို မှတ်မိ​သေးလား "

"သား​လေး ဒီအန်တီက ​မေ​မေတို့ မ​ကွေးမှာ ​နေခဲ့တုန်းက အိမ်ချင်းကပ်လျက်​လေ "

" သားက ငယ်​သေး​တော့ မမှတ်မိဘူးထင်တယ် "

ခန့်မင်း က​လေးဘဝက သူ့ ပါပါး က ​မ​ကွေး​ဆေးရုံတွင်တာဝန်ကျ​သော ဆရာဝန်ကြီးတဦးဖြစ်သည်။ မာမားနဲ့သူ က ​ပါပါးနဲ့ လိုက်​နေကြတာ။

"ဟုတ် အန်တီ သားမမှတ်မိလို့ပါ "

"သား​လေး ဒါ သားနဲ့ ​ပေးစားမယ့်
ရ​ဝေ​သူ "

"ဟုတ်​တွေ့ရတာ ဝမ်းသာပါတယ် "

မာမား​ပြောပြထားတာ​တော့ ​ယောကျာ်းတစ်​ယောက်တဲ့ သူ့ကို ကြည့်လိုက်​တော့လည်း ​ယောကျာ်း လို့​ပြောစရာ တ​နေမှမရှိ ဘယ်လို​တွေလည်း ။

အနီ​ရောင် ကချင် ဝမ်းဆက်ကို အချိုးအစား​ကျန စွာ ဝတ်ဆင်ထားသည် ။ ဆံပင်ကလည်း ခါးနားအထိ အ​ရှည်ကို စည်းပြီးချထားသည် ။ အသားအရည်ကလည်း ဝင်းဝါပြီး ​​စို​ပြေ​နေသည်။ ဘယ်မှာလည်း ​ယောကျာ်းနဲ့တူတဲ့​နေရာ ။တင် ၊ရင် အားလုံး အပြည့်အစုံ ။အရပ်အ​မောင်းကလည်း မိန်းမ​တွေမှာရှိသင့်သည့် အရပ်အ​မောင်း။

​"သား​လေး ငြိမ်လှချည်လား ဘာ​တွေ​တွေး​နေတာလည်း ရ​​ဝေ ကို စကား​လေး ဘာ​လေး ​ပြောလိုက်အုန်း​လေ "

"မမကြူ နဲ့ ရ​ဝေ​လေး က ည​နေ မ​​ကွေးပြန်ကြမှာ အခုက ရန်ကုန်လာရင်း ​မာမားတို့ကိုတမင်  ဝင်​တွေ့တာ"

ခန့်မင်း ခြံထဲဆင်းလာ​ခဲ့တာ   ရ​ဝေပါ​လိုက်လာခဲ့သည် ။

" ကိုခန့် ​ဝေ့ကို ​မေးစရာ ​​တွေများ​နေပြီလား
ကိုခန့်​မေးစရာရှိတာ​မေးပါ "

Forever Together  (Completed)Where stories live. Discover now