"အခြားကမ္ဘာကလူ"

Start from the beginning
                                    

"ဒါတွေကအဆင်ပြေပါ့မလားမသိ..." ရှန်က အကျီထုပ်တွေသယ်လာရင်း ပြောလိုက်လေသည်

သူဝင်လာသည့်အချိန်တွင် သူမကပြတင်းပေါက်အား ငေးနေခြင်းဖြစ်သည် 'သူမက ကိစ္စတခုခုငါကိုမပြောပဲရှိနေတာလား'

"ငါတချက်ကြည့်ကြည့်မယ်လေ " ယူအာက သူ့လက်ထဲမှ အကျီထုတ်တချို့ယူလိုက်ကာ ဖွင့်ကြည့်လေသည်

ကံကောင်းစွာဖြင့် ရှန်ဝယ်ခဲ့သည့် အဝတ်အစားများမှာ သက်တောင့်သက်တာအဝတ်အစားများသည် သူမအတွက် ပုံမှန်ကဆေးရုံမှာနေနေကျဖြစ်ရဲ့ အလွန်အကျွံအဝတ်အစားတွေဝတ်ဆင်ရတာမကြိုက်

"ရှန်"

"ဟင်" ရှန်က အတွေးကနိုးထလာလေသည်

"ကျေးဇူးတင်ပါတယ်" သူမက ပြုံးရင်းပြောလိုက်ခြင်းဖြစ်သည်

"ရပါတယ်" သူက မနေ့ညက သူမအားအတင်းနမ်းမိသည့်ကိစ္စအား ပြန်တွေးမိရင်း မျက်နှာတောင်ပူလာလေသည်

"နားရွက်တွေနီနေတယ် ဖျားတာလား" သူရဲ့နှဖူးပေါ် ရုတ်တရက် ဝင်ရောက်လာတဲ့ လက်ဖဝါးနွေးနွေးလေးကြောင့် သူကိုယ်တိုင်မသိပဲ ထိုလက်ဖဝါးအားဆုပ်ကိုင်မိလေသည်

နှစ်ယောက်သားအကြည့်ချင်းဆုံသွားသည့်အချိန်တွင် သူမကလက်ကိုချလိုက်လေသည်

ရှန်မှလည်း "ကိုယ်မဖျားပါဘူး ယူအာ"

"အို ဖျားမယ်ထင်ရင်ဆေးကြိုသောက်ထားနော် အားကစားသမားတွေအတွက် ကျန်းမာရေးကအဓိကပဲ နေကောင်းမှ ဘာမဆိုလုပ်နိုင်မှာ" ယူအာက သူလက်ထဲမှသူမလက်ဖဝါးကိုပြန်ရုတ်လိုက်ကာ ခေါင်းငုံလိုက်ရင်း ပြောလေသည်

"ငါကိုအရင်တုန်းကသိနေသလိုမျိုးပြောနေပါ့လား"

'မိသွားပြီလား' ယူအာက စိုးရိမ်သော်လည်း စကားကပြောမထွက်

"တကယ်ပဲငါကိုမသိတာလား" သူစကားပြောတဲ့အသံက ခပ်တိုးတိုးဖြစ်သွားပြန်တယ်

"ရှင်က တနိုင်ငံလုံးနာမည်ကြီးပဲ ကျွန်မကသိတာလောက်တော့ ထူးဆန်းမလား" ယူအာက ရယ်လိုက်ရင်း သူမတို့လျို့ဝှက်ချက်အား ဖုံးအုပ်ရန်ကြိုးစားလိုက်သည်

"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကို ပြောင်းလဲမိလိုက်တယ်"On viuen les histories. Descobreix ara