"နမ်း..."
နှုတ်ခမ်းကို ထော်ပြီး ထပ်လို့ တောင်းဆိုလိုက်တော့ သွားစွယ်လေးတွေ ပေါ်လာသည်အထိ ပြုံးရင်း ကျွန်တော့်အား ခပ်ရွှင်ရွှက်လေးသာ ကြည့်လို့နေသည်။
ကြည့်နေသည်က အတန်ကြာသည်အထိဖြစ်နေသည်မို့ မျက်နှာမော့ပြီး နှုတ်ခမ်းထော်ပေးထားရတာ ကျွန်တော့်မှာညောင်းလာပြီဖြစ်၏။ ထို့ကြောင့် ခြေဖျားထောက်ပြီး အကို့မျက်နှာနဲ့ နီးစပ်ဖို့လုပ်လိုက်တော့...
"ဟိုး ဟိုး ဟိုးတား ဆရာ..."တစ်ချက်ယိုင်သွားသည်ကြောင့် ပြုံးရွှင်နေသည့် အကိုဟာ ရယ်ကျဲကျဲနဲ့ပြောလာသည်။
"နမ်းကြည့်လေ..."
"ဟင့်အင်း"
ကျွန်တော့်မျက်နှာကို ကိုင်ထားရင်းကပင်၊ ကျွန်တော်ခါးမှာ မြဲမြံစွာနှင့်ခြေချိတ်ထားရင်းကပင်၊ပြုံးချိုနေလျက်ကပင် ငြင်းဆန်လေတော့ ကျွန်တော့်မှာ အသည်းတယားယားနဲ့ပဲ...
"အကို၊ အကို...""ဟွန်း..."
စိတ်လေသလို ဖျော့တော့သွားတဲ့ ကျွန်တော့်ခေါ်သံမှာ အကိုဟာ အသံထွက်ပြီးရယ်တော့သည်။ ကြည့်ရတာ ကျွန်တော့်ကို မချိမဆန့်ဖြစ်ဖို့ ရည်စူးထားသည်က ဆန္ဒပြည့်ဝသွားတာကြောင့်ပဲ ဖြစ်မည်။
အကိုကမှ ဒီလိုဆိုရင်လို့ တွေးလိုက်ပြီး...ခေါင်းရင်းဘက်နားက ဖျားခင်ထားသည့်နေရာသို့ ကျွန်တော်သွားလိုက်သည်။ ပြီးနောက်တွင် အကို့အား ဖျာပေါ်တွင် ချပေးလိုက်သည်။
"ကောင်လေးတစ်ယောက်တော့ ဘာတွေလုပ်ဖို့ တွေးနေလဲ မသိ။"
ခေါင်းရင်းဘက် တံခါးကို ပိတ်နေရင်းမှ စကားသံကြောင့် ကျွန်တော့်မှာ ထိန်းမရ၊သိမ်းမရ ပြုံးလိုက်ရင်း လှည့်ကြည့်လိုက်တော့ ခေါင်းအုံးအထက်မှာ ခေါင်းချထားရင်း ပြုံးနေသူက ကျွန်တော့်အား ရွှန်းစားစားနဲ့ကြည့်နေလေသည်။
ဒီအကြည့်တွေကြောင့် အမြန်ပင် တံခါးကိုပိတ်လိုက်ပြီး တဆက်တည်းမှာပဲ အိမ်တံခါးမကြီးကိုလည်း ကလန့်ထိုးလိုက်တော့သည်။
အလင်းရောင်မရှိတော့သည့် အိမ်လေးထဲမှာ အကို့ရယ်သံက ကျွန်တော့်နှလုံးသားကို ကြည်နူးစေသည်။
အပိုင်း (၅၅)
Start from the beginning