"No.."
"ဒါဖြင့် ငါမသိတော့ဘူးဟာ..."
"မသိရင် မခေါ်ဘူးပေါ့။ ကဲ ကဲ ထမင်းဆက်စား..."
ပြောပြီး အေးအေးလူလူထမင်းစားသူသည် ကြယ်စင်လင်းသာဖြစ်၏။ လခြမ်းကွေးကတော့မူ ထမင်းကို ထပ်မတို့တော့ပဲ မျက်လုံးတို့က ဝိုင်းစက်လို့နေပြီး၊ နှုတ်ခမ်းတို့က ပုံသဏ္ဍန်အမျိုးမျိုးပြောင်းလဲကာ အဖြေမျိုးစုံတို့ကို ပေးလို့နေသည်က ထမင်းစားဝိုင်းပြီးလို့ ဧည့်ခန်းတွင် အချိုပွဲစားကြသည့် အချိန်ထိဖြစ်လေသည်။
"ရောင်ဝါတို့ မွေးတဲ့အချိန်လား။"
"အဲ့ဒီအချိန်တုန်းက ငါမှာမရှိပဲ။ နေဦး...အဲ့ဒီကိစ္စကိုလည်း ငါသိပ်မကျေနပ်ဘူးနော်။ နေရောင်ခြည်နဲ့ လရောင်ဝါလို့ပေးပြီး ငါ့နာမည်ကျမပါဘူး။ "
မျက်စောင်းလှလှလေးထိုးပြီး ပြောလာသည့် ညီမငယ်၏ စကားကို အကွေးဟာပြာပြာသလဲနဲ့ပင်..
"အဲ့တာအဝန်းလေ...ချက်ချင်းကြီး ဘုန်းနှင့်ကံနှင့်ရွှေသဇင်ကို ဆိုပြီး ပေးလိုက်တာ။""မင်းက မကြိုက်ဘူးလား နာမည်တွေကို..."
ကျွန်တော့်၏ ကြားဖြတ်စကားကြောင့် ညီအမနှစ်ယောက်၏ အကြည့်တို့သည် ကျွန်တော့်ထံတွင်စုပြုံလာလေတော့သည်။
"အောင်က ကြိုက်လို့လား။"
"အကိုက ဘာဖြစ်လို့..."
တပြိုင်နက်ဖြစ်သော ထိုအမေးနှစ်ခုကြောင့် ကျွန်တော့်မှာ အမြန်ပဲပြုံးပြလိုက်ကာ..
"ကိုယ်ပြောချင်တာက နာမည်လေးတွေက လှသားပဲ။ မင်းက မကြိုက်လို့လား...အဲ့လိုလေ""သြော်..."
လခြမ်းကွေး၏ သြော်မည်သံနှင့် ကြယ်စင်လင်း၏ အကြည့်တို့ ရွေ့လျားသွားကာမှ ကျွန်တော့်မှာ သက်ပြင်းလေး ခပ်တိုးတိုးချမိသည်။ အကို့ညီမတွေက တကယ်မလွယ်ပါ။
သူမတို့သာ ဒီနာမည်တွေအကြောင်း သိသွားလျှင်ရူးသွားလောက်သည်။ ကျွန်တော်လည်း တကယ်ရူးခဲ့တာပါ။ မမျှော်လင့်ပဲ အကိုနဲ့ကျွန်တော် စိတ်ကူးနဲ့ရူးခဲ့ရသည့် ဒီနာမည်နှင့် လူသားလေးတို့ဟာ ဒီကမ္ဘာပေါ်တွင်အမှန်တကယ်ပင် ဖြစ်တည်ခဲ့သည်။
အပိုင်း (၅၄)
Comenzar desde el principio