Part 25🍂Unicode

Start from the beginning
                                        

"Jungkook~ka အဲ့တာများ ဘာလို့ ဦးလေးကို မပြောင်းခိုင်းခဲ့တာ ဦးလေးပြောရင် ရမယ်ထင်?"

"ကျွန်တော် ဒီတိုင်းနေမလားဗျ?
ပြောခိုင်းတယ် ဒါမဲ့ ဒါမဲ့......"

"အင်း...."

"ဘယ်ချိန်ကတည်းက ကျောင်းတက်ချင်နေကြတဲ့သူတွေလည်း မသိဘူး
အကုန်အပြည့်"

"ဟားဟား"

** သူ ညစ်နေတာ ဒါက! ချစ်စရာလေး! **

"ကျွန်တော် တကယ်ခံရခက်နေတာ"

"ထွက်ခါနီးကရော ဘာတွေပြောနေတာ"

"အခန်းပြောင်းမရတော့ပေမယ့် ကျန်တဲ့၂ယောက်ကလည်း koreaလူမျိုးမို့ စိတ်မပူနဲ့ တဲ့"

"ဟုတ်ပါပြီ..... ကိုယ်တော့ အိပ်ဦးမယ်"

"အင်း ဒီတိုး....ဒီကိုလာ"

"........"

"ရပြီ မှီတော့...."

သူဘက်ကိုတိုးခိုင်းကာ
သူကိုယ်တိုင်ကတော့ ကျွန်တော်ဘက်ကို လုံးလုံးလျားလျား မျက်နှာမူလျက် ကျွန်တော်အား
နွေးထွေးစေသည်!

"ဘာစားဦးမလဲ ယူထားပေးမယ်"

"ဟင့်အင်း.....hummmm"

"အိပ်ချင်ပုံကလည်း မြန်ချက်ပါဗျာ..."ဟုဆိုကာ
နဖူးပေါ်မှ ဆံသားတို့က
ပန်းချီဆရာ၏ လက်ရွေ့လျားမှုကို လိုက်ပါလျက်

အဖေလုပ်သူတို့ နောက်မှာကိုတော့ အမောင် ငကု သတိရသင့်သည်!

အချိန်တစ်ခုအကြာတွင်တော့
ကျွန်တော်တို့ဟာ လေဆိပ်မှာ ကျောင်းတွင်းဆောင်ဆီသို့သာ....

"သေချာအပ်ပါတယ် "

" ရပါတယ် မသိတဲ့သူတွေကျလို့ မင်းကလည်း"

"သေချာ ဂရုစိုက်ပေး ကျန်းမာရေးကတော့ ကောင်းလာပြီ ငါက စိတ်ပူလို့ပါ ပါမောက္ခရာ"

"ဟုတ်ပြီ ဟုတ်ပြီ"

"တစ်ယောက်က အဟမ်း ငါ့သမက်လောင်း"

"ဟမ်!!သမက်??? မင်းမှာ သမီးလည်း မ......."

"....."

"အာ သိပြီသိပြီ...နားလည်တယ် ၂ယောက်လုံးကို သေချာဂရုစိုက်ပေးမယ်"

"အေး ကျေးဇူးကွာ..."

ဖေကြီးကတော့ အရင်က သိကျွမ်းခဲ့ဖူးသည့် ပါမောက္ခကိုဘဲ ထပ်ကာ အကူအညီတောင်းသည်
ဦးလေးရော ၃ယောက်သား ပြောကြဆိုကြရင်း
ခဏနေတော့ ကျွန်တော်တို့ အဆောင်ကို လိုက်ပို့သည်....

~🍂 The Way We Met 🍂~(Complete)Where stories live. Discover now