Author's Note - Zawgyi

319 20 6
                                    

တကယ့် အပြင်မှာက ရှောင်းကျန့် နာမည်ထည့်ထားတဲ့မူရင်း ဇာတ်ကောင်က ယောက်ျားလေးဖြစ်ပေမယ့် မိန်းကလေး လို ဝတ်စားဆင်ယင်နေထိုင်ချင်သူပါ အမေကလည်း နောက်ဆုံးပြောမရလို့ လက်ခံထားတာပါ ပတ်ဝန်းကျင်က ကဲ့ရဲ့တဲ့ ဒဏ်ကို မခံနိုင်လို့ အမေနဲ့အတူတူ မြေပြန့်ကနေ တောင်ပေါ်မြို့လေးကို ပြောင်းလာပြီး အမေတစ်ခု သမီးတစ်ခုလို အေးအေးဆေးဆေး လာနေတာပါ အဲဒီမှာ ဝမ်ရိပေါ် ဇာတ်ကောင်ထည့်ထားတဲ့ ကောင်လေးက စစ်ဗိုလ်လေးပါ သူငယ်ချင်း တခြားစစ်ဗိုလ်လေးဆီ လာလည်ရင်း တွေ့သွားပြီး မြင်မြင်ချင်း သဘောကျပြီး မရရအောင် လိုက်ပြီး တောင်းရမ်းလက်ထပ်ယူတာပါ ခက်တာက သတို့သမီးက မင်္ဂလာဦးညကတည်းက ထိလိုက်တာနဲ့ ဘာမှမပြောဘဲ အသားကုန်ငိုတာပါ တစ်ညလည်း မဟုတ် နှစ်ညလည်းမဟုတ် နဲ့ လချီလာတော့ ကောင်လေးက ကော်ဖီထဲမှာ တကယ်အိပ်ဆေးခတ်ပြီး သူ့ကိုသိမ်းပိုက်ဖို့လုပ်ရာကနေ ကောင်လေးဖြစ်နေမှန်းသိသွားတာပါ
စစ်ဗိုလ်လေးက ရှက်ပြီး အိမ်ကနေထွက်ပြေးသွားတာပါ ပတ်ဝန်းကျင်ကလည်း အစက ဘာမှန်းမသိဘူးပေါ့ အနေအေးတဲ့သူတွေဆိုတော့  ဒါပေမယ့် အဲဒီမြို့က စစ်ဗိုလ်လေးက သူ့သူငယ်ချင်းကနေတစ်ဆင့် ကောင်မလေးမဟုတ်ဘူး အခြောက်ကြီးဆိုတာ သိသွားပါတယ် ဒါပေမယ့် တောင်ပေါ်မြို့ဆိုတော့ တိုင်းရင်းသားတွေက သိပ်ပြီးကဲ့ရဲ့ အပြစ်တင်တာမရှိတော့ သူတို့သားအမိ အဲဒီမြို့ပေါ်မှာပဲ ဆက်နေဖြစ်ပါတယ် နှစ်နှစ်လောက်နေတဲ့အခါ စစ်ဗိုလ်ကောင်လေးက တပ်ကနေထွက်ပြီး အဲဒီမြို့မှာ သူယူခဲ့မိတဲ့သူဆီပြန်လာပါတယ် အခြောက်မလေးဆိုတာ သိပေမယ့်  သူ့ရဲ့ စကားပြောဟန် ဆိုဟန် တွေ အပြုံးတွေပဲ မျက်လုံးထဲကနေ ဖျောက်မရ တခြားရည့်းစားလည်း ထပ်ထားလို့မရ အဲဒီအခြောက်မလေးကိုပဲ စိတ်ကတမ်းတနေတာမို့ နောက်ဆုံး ဘာပဲဖြစ်ဖြစ် ချစ်တဲ့သူကိုပဲရွေးမယ်ဆိုပြီး ပြန်ရောက်လာတာပါ ၁၉၈၀ ဝန်းကျင်လောက် ဇာတ်လမ်းလေးပါ အဒေါ်တွေ ပြောပြနေတာကြားမိလို့ Yizhan ကိုလည်းချစ်လို့ ဇာတ်လမ်းဆင် ရေးကြည့်တာပါ Wattpad က အပြင်မှာ ဘယ်သူမှန်း မသိတာမို့ ရဲရဲတင်းတင်း ရေးချင်တာတွေ လျောက်ရေးမိပါတယ်  Yizhan ကိုလည်း တကယ့်ကို ရစေချင်တာမို့ အဆုံးစွန်ထိ ပေးစားမိပါတယ် ရေးတာများပြီး လွန်သွားရင် ဆောရီးပါနော်

စစချင်းရေးတုန်းက ဖတ်မယ့်သူ ဘယ်သူမှမရှိပါဘူး အဲဒီတုန်းက ဘယ်လိုမှမနေပါဘူး တော်သေးတယ် လာမဖတ်တာ မဟုတ်ရင် ကျန့်ကောကို မိန်းကလေး လုပ်ထားတာမို့ ဇာတ်လမ်းမပေါ်ခင် လာဖတ်မိရင် ငါတော့အဆဲခံရတော့မှာပဲလို့ စိုးရိမ်လို့ တကယ်တမ်းရေးရင်း အပိုင်း ၂၄ ကျော်တဲ့အထိ ဖတ်မယ့်သူလည်း တစ်ယောက်မှ မရှိပါဘူး Yizhan ficတွေ Review ရေးပေးတဲ့ pageလေးကို ပို့ပြီး ဖတ်ကြည့်ပေးပါဦးဆိုပြီး ပို့ထားတာ သူတို့က လုံးဝ အဖက်မလုပ်ပါဘူး ဒါနဲ့ တော်တော်စိတ်ညစ်ပြီး မရေးတော့ဘူးလုပ်သေးတယ် ဒါပေမယ့် ဘာပဲဖြစ်ဖြစ် Yizhan ကိုချစ်တဲ့စိတ်လေးနဲ့ သူတို့ဇာတ်လမ်းလေး အဆုံးသတ်ပါဦးမယ်ဆိုပြီး ဆက်ရေးဖြစ်တာ အပိုင်း ၂၆ အပြီးမှာ တစ်ရက်မှာ မထင်မှတ်ပဲ Notiမှာ ပေါ်လာတာပါ
ThuThuzar ဆိုတဲ့ accountလေးက ဖတ်ပြီး လာ voteပေးတာပါ ပြီးတော့ up ဆိုပြီး ပထမဆုံးလာတောင်းတာပါ ပထမဆုံး စာလေးတွေလာရေးတာလည်း သူပါပဲ တကယ်အားရှိခဲ့ရပါတယ် ကျေးဇူးလည်းတင်တယ် ပထမဆုံး readerလေးမို့ တန်ဖိုးလည်းထားတယ်နော် နောက်ပိုင်း ဖတ်တဲ့သူနည်းနည်းရှိလာတယ် နောက် AliceAlice261 Accountလေးကလည်း Up pay par လာတောင်းတော့ အားတက်ရပါတယ် စိတ်ထဲစွဲနေတယ် ဆိုလို့လည်း ပင်ပန်းရကျိုးလေးနပ်ပါတယ် Zaro199785 လေးကလည်း up ဖို့လာတောင်းဖူးတယ်
မြောက်ပေးရင် ကွေးနေအောင် ကတတ်သူဆိုတော့ upလို့မြင်ရင် မစောင့်စေချင်တဲ့စိတ်နဲ့ ကြိုးစားပြီးရေးလိုက်တာ  မှတ်မှတ်ရရ အပိုင်း ၃၀တုန်းကလည်း မနက် ၄နာရီထိ ထိုးတယ် Final ဆိုရင် မနက် ၅နာရီခွဲတဲ့အထိပဲ အိမ်ကမသိအောင် အိမ်ကလူတွေလစ်တုန်း ခိုးရေးရတာဆိုတော့လေ
ဖတ်တဲ့သူတစ်ယောက်ရှိရင် တော်ပြီလို့တွေးထားတာမို့ လိုက်ဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်တယ်နော် အပိုင်းတိုင်းကို သေသေချာချာလေး Voteပေးတဲ့သူတွေရော တစ်ယောက်ချင်းဆီကို ကျေးဇူးပါ
သေသေချာချာလေး အားပေးသွားတဲ့ ChanBeakChanBeak ကိုလည်း ကျေးဇူးပါနော်
ပထမဆုံး follow လုပ်ခဲ့တဲ့ WutHmon3 ကိုရော yibo12345678 ကိုရောပဲ ကျေးဇူးတင်တယ်နော်
ချစ်စရာကောင်းတဲ့ Yizhan အတွဲလေးကို တူတူချစ်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

Whatever You AreWhere stories live. Discover now