Whatever You Are (10)

1.1K 87 1
                                    

လူပင်ပန်း စိတ်ပင်ပန်း ဖြစ်နေတဲ့အချိန် အစားမစားထားတဲ့အတွက် သွေးတွင်းသကြားဓါတ်နည်းသွားတဲ့ မူးမေ့သွားတာမျိုးအပြင် အခြား ရောဂါ ကြီးကြီးမားမား ဘာမှ မရှိတဲ့အတွက် ဆေးရုံဆင်းခွင့်ရပေမယ့် ရှောင်းကျန့်က တစ်ခုခုထပ်ဖြစ်မှာ စိတ်ပူတဲ့အတွက် ဆေးရုံမှာ တစ်ညနေပြီး စောင့်ကြည့်စေဆိုပြီး တစ်ညနေခဲ့ပါတယ် ဒါရိုင်ဘာဦးလေးကြီးကိုတော့ လိုင်းကားနဲ့ပြန်ခိုင်းလိုက်ပြီး ကားယူထားလိုက်ပါတယ်

ရီပေါ်ကို ဆေးရုံမှာ ခဏထားခဲ့ပြီး ရှောင်းကျန့် လိုအပ်တာတွေ ပတ်လုပ်ရပါတယ် ဒါရိုင်ဘာဦးလေးကြီးကို ကားဂိတ်ပို့ ဟိုတယ်မှာ ကုမ္ပဏီကလူတွေကို အကျိုးအကြောင်းပြောပြီး ဆေးရုံမှာ ညအိပ်စောင့်ဖို့ လိုအပ်တာလေးတွေယူ ညနေစာအတွက် ရီပေါ်ကြိုက်တတ်တဲ့ ဖက်ထုပ်ပေါင်း ပူပူလေး နဲ့ တခြားလိုအပ်တာတွေ တစ်ခါတည်း ဝင်ဝယ်လိုက်ပါတယ်

ဆေးရုံပြန်ရောက်တော့ ကိုယ်တော်ချောက Patient မဟုတ်တော့ တီဗွီကြည့်ပြီး သာယာနေတာ

"ကဲ ရိပေါ် သွား ခြေလက်မျက်နှာဆေး အဝတ်အစားလဲ ညဝတ်အိပ်င်္အကျီထည့်လာပေးတယ် လဲလိုက်ဦး ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် နက်ဖြန်မှ လိုအပ်တဲ့ အဝတ်အစားတွေ ဝယ်ဖို့ ဆေးရုံက အဆင်း Shopping ပတ်ကြမယ်လေ အခုတော့ ငါ့ င်္အကျီလေးပဲ သည်းခံပြီး ဝတ်လိုက်ဦးနော်"

" အချစ် ကို အရမ်း စိတ်ပူပြီးလိုက်လာတာမို့ ဘာမှမပါတော့လည်း ဝတ်ရမှာပေါ့"

ရိပေါ် ပြောပြော Toilet ထဲမှာ ခြေလက်မျက်နှာဆေးပြီး အဝတ်အစား လဲပြီး ထွက်လာတော့ ရှောင်းကျန့်က ပြုံးပြီး ကြည့်ကာ

"အာ ... ငါ့ ရဲ့ ရီပေါ်လေးက ဒီလိုလေးလည်း ချစ်စရာလေးပါလား"

 ငါ့ ရဲ့ ရီပေါ်လေးက ဒီလိုလေးလည်း ချစ်စရာလေးပါလား"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Whatever You AreWhere stories live. Discover now