Whatever You Are (28)

1.3K 97 2
                                    

ဒီနေ့  ရိပေါ်ရဲ့အချစ် ရှောင်းကျန့်ပြန်လာတော့မှာမို့ ရိပေါ်အစောကြီးနိုးပြီး ပြင်ဆင်နေတာပါ ပျော်လည်းပျော်နေသလို ဟုတ်မှ ဟုတ်ပါ့မလား အိမ်မက်လား အိမ်မက်ဆိုရင်တောင် ဒီအိမ်မက်ကနေ မနိုးထပါရစေနဲ့

အဒေါ်ကြီးရဲ့ အကူအညီနဲ့ ရှောင်းကျန့်ကြိုက်တတ်တဲ့ တရုတ်အစားအစာလေးတွေလည်း ပြင်ဆင်ထားပြီးပြီ နိုင်ငံခြားရောက်နေတဲ့သူမို့ ဒီအစားအစာတွေ လွမ်းနေလောက်မှာမို့ တစ်ခါနည်း အများကြီး မြည်းစမ်းလို့ရအောင် အမျိုးအမည် အများကြီးချက်ခိုင်းထားလိုက်တယ် ရိပေါ်ကိုယ်တိုင်ချက်ထားတာ တစ်ခုပါတယ် မာလာရှမ်းကော ပါ  ရှောင်းကျန့်က မာလာရှမ်းကော သိပ်ကြိုက်တာ ဘာစားချင်လဲ မေးလိုက်တိုင်း မာလာရှမ်းကော လို့ အမြဲပြောတတ်တာ တစ်ခါတစ်လေ ငါ့ကို ဘာစားချင်လဲ ဘာဝယ်ခဲ့ရမလဲ မမေးနဲ့ တကယ်စား စေချင်တာမှန်ရင် မာလာရှမ်းကောသာ ဝယ်ခဲ့ အဲလိုဆို ငါကပျော်မှာလို့ အမြဲပြောပြောနေကြလေ ရှောင်းကျန့်ရဲ့ Yizhan Gallery လေးကို တွေ့ခဲ့ပြီးနောက် အရင်ဆုံး ရိပေါ်တတ်အောင် သင်ခဲ့တာ မာလာရှမ်းကော ချက်တာပါ အခုဆိုရင် ကောင်းကောင်းချက်တတ်နေပါပြီ တော်သေးတာ မာလာရှမ်းကောက ချက်ရတာလွယ်လို့ ဒါတောင် ရိပေါ်က အချက်အပြုတ် ၀ါသနာမပါတဲ့သူမို့ တော်တော်လေး သင်လိုက်ရသေးတာ လေယာဉ်က နေ့လည် ၂နာရီမှ ပေကျင်းလေဆိပ်မှာ ဆိုက်မှာနဲ့ဆိုရင် ၃နာရီကျော် ၄နာရီဝန်းကျင်လောက်မှ ရောက်မှ အခုက ၁၁ပဲရှိသေးတာတောင် အကုန်အဆင့်သင့်ဖြစ်နေပါပြီ

၁၁ ထိုးတော့ ရိပေါ်သူငယ်ချင်းတွေကို ဖုန်းဆက်ထားလိုက်ပါတယ်

ရိပေါ်တို့ အကပြိုင်တုန်းက Therater ကို ဒီနေ့တစ်ရက် အပြတ်ငှါးပြီး ပြင်ဆင်ထားခိုင်းတာ ပြီးမပြီးဆိုတာ လှမ်းမေးကြည့်တော့ အားလုံးအဆင်သင့် ဖြစ်နေပြီပြောပါတယ်

ရိပေါ်က တော့ ရှောင်းကျန့်နဲ့ ပြန်ပေါင်းထုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ရှောင်းကျန့်ပြန်လာတော့မယ်ဆိုတာကို သိတဲ့နေ့ ကတည်း ရိပေါ်ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ပြီး ဖြေလျော့တာတောင် မလုပ်ထားတော့ပါဘူး စိတ်ကူးနဲ့မရူးတော့ဘူး လက်တွေ့ပဲထူးခြားနေအောင် လုပ်ပစ်မယ်ဆိုတဲ့စိတ်နဲ့ပေါ့ တွေးမိတော့ ဒီနေ့က တကယ့် မင်္ဂလာဦးရမယ့်နေ့ပေါ့  ဟိ...ဟိ....

Whatever You AreWhere stories live. Discover now