Whatever You Are - Zawgyi (30)

139 12 0
                                    

"ကဲ ကဲ LeveL တက်အောင် ကြိုးစားလိုက်ကြပါဦး"...........

သူနာပြုဆရာမကြီးက အတွဲချောင်းတာမဟုတ်ပါဘူး ၁နာရီခြားတစ်ခါ သေချာကြည့်ပေးဖို့ ဆရာဝန်ကြီး ကမှာထားတာမို့  သူတို့အခန်းကို လာခဲ့တာပါ ဘာမှအသံပလံတွေမကြားရင် အခန်းထဲဝင်ပြီး သွေးပေါင်ချိန်တိုင်းတာဘာညာလုပ်မလို့ပါ အခန်းတံခါးဝနားရောက်တော့ Level 2. ပြီးသွားတဲ့ အချစ် Congratulation ပါ ကဲလွယ်တဲ့ Level 3 ကို အရင်သွားမယ်နော် ဆိုတာကို ကြားလိုက်တော့ ဘယ်လိုပဲ Fujoshiလို့ပြောပြော အပျိုကြီးဆိုတော့ ရှက်တာပေါ့ အဲဒါနဲ့ ရှက်ရှက်နဲ့ ပြန်သွားတာ အခုလာတော့လည်း တစ်ခန်းလုံး ရေမွှေးတွေဖြန်းထားပုံထောက်တော့ တခုခုတော့ တခုခုမှန်းသိတာပေါ့ အိပ်ချင်ယောင်ကလည်း ဆောင်ကြသေးတယ် ဒါကြောင့် စချင်စိတ်နဲ့ သူသိကြောင်း တခုခု ပြောခဲ့မှဆိုပြီး ခုလို ပြောပြီးထွက်လာတာပါ။

သူနာပြုဆရာမကြီး စကားကြောင့် ရှက်ရမ်းရမ်းပြီး တဖြန်းဖြန်းချနေတဲ့ ရှောင်းကျန့်ကို ရိပေါ် ဆွဲဖမ်းချုပ်ပြီး အာဘွားပေးလိုက်ပါတယ်

" အချစ်အရင်က မိန်းကလေးလိုနေတုန်းကတောင် အဲလောက်မရှက်တတ်ပါဘူး ပွင့်ပွင့်လင်းလင်းနဲ့ အချစ်ကတောင် စပြီး ကျွန်တော်ကို Flirtတာတွေ အချစ်စမ်းတာတွေ စခဲ့တာ ခုမှဘာလို့ အဲလို ရှက်တတ်နေရတာလဲ အဲလိုရှက်နေတာလဲ ချစ်စရာကောင်းလိုက်တာ"

"ဒါတော့ ဘယ်တူမလဲ အရင်က ငါက လူလွတ်လေ အခုတော့ သူများအမြင်မှာ ငါ က ကလေးနှစ်ယောက်အဖေ ခုလို ဆေးရုံကြီးမှာတောင် မအောင့်နိုင်ဘဲ အချစ်စမ်းနေတာကို သူများက သိနေဆိုတော့ မသိဘူး ငါရှက်တယ်"

"အရင်က ဘာစိတ်ကူးနဲ့အချစ်ကို ထားခဲ့မှန်း စဉ်းစားလို့တောင်မရဘူး တော်သေးတာ အချစ်ကပြန်လာလို့ မဟုတ်ရင် ခုလိုဘဝရဲ့ အကောင်ဆုံး ဆိုတာတွေ ကျွန်တော် ခံစားလိုက်ရမှာမဟုတ်ဘူး အခုတော့ အချစ်နဲ့ခုလိုလေး နေလိုက်ရတာမို့ ကျွန်တော် က သေရမှာတောင် ကြောက်သွားပြီ"

"မောင် ကတော့ လျောက်ပြောပြီ သူများတွေပြောတာ သေပျော်ပြီကြားဖူးတာ"

"ကျွန်တော်က အဲလိုမဟုတ်ဘူး အချစ်မရှိတဲ့ နေ့ရက်တွေတုန်းက ကျွန်တော်က သေပျော်ပြီဆိုတဲ့အနေအထား အမြဲရှိခဲ့တာ"

Whatever You AreWhere stories live. Discover now