Whatever You Are - Zawgyi (33) Final

Start from the beginning
                                    

"ဘာ"

"ဟုတ်တယ် ကျွန်တော် ပြင်ချင်တဲ့အမှားက အချစ်ကို ဒီဓာတ်ပုံထဲအတိုင်း အချစ်ဖြစ်နေရာကနေ ကျွန်တော်အဆင့်တက်ချင်တာပဲ အဲဒါ ကျွန်တော် အချိန်နောက်ပြန်လှည့်လို့ရရင် မဖြစ်မနေ ပြင်ဆင်ချင်တဲ့အမှားပဲ"

"မောင် ဒါမင်းသက်သက် ငါ့ကို အကျင့်ပုတ်တာ စကားကို ဝေ့လည်ကြောင်ပတ်လုပ်သွားတာလေ မင်းအဲဒီအမှား ပြင်မယ်ဆို ငါက...အာ.... ငါသဘောမတူဘူး မင်းလည်းယောက်ျား ငါလည်းယောက်ျားပဲကို အခန့်သားနဲ့ မင်းကငါ့ကို အချောင်လိုချင်လို့ အကွက်ဆင်ထားတာပဲ "

ရိပေါ် စိတ်မကောင်းဖြစ်သွားတဲ့မျက်နှာနဲ့

"ရတယ် အချစ်သဘောမတူရင် ကျွန်တော် အဲဒီအမှားကို မပြင်တော့ဘူး အဲဒီညက ကိုယ့်ဖာသာ ကိုယ် အသုံးမကျခဲ့တာဆိုတော့ တစ်သက်လုံး အဲဒီအမှားကြောင့် ဖြစ်လာမယ့်ကျိန်စာကိုပဲ ကျွန်တော် ကျေကျေနပ်နပ်ခံလိုက်တော့မယ် လာ အမှားပြင်စရာမလိုတော့ရင် ကျွန်တော်တို့ အပေါ်ထပ်က ပြင်ဆင်ထားတဲ့ မင်္ဂလာဦးအခန်းလေးပဲသွားကြတာပေါ့ ကျွန်တော်အချစ်နဲ့ ပတ်သက်တာကို အမှန်တကယ် အမှားပြင်ဆင်ချင်ခဲ့တာ အချောင်လိုချင်ခဲ့တာ မဟုတ်ရပါဘူး "

တကယ်တော့ ရိပေါ်ပြောသာပြောလိုက်တာ အမှန်အကန်ကို အဲဒီအမှားလေး ပြင်ခွင့်ရတော့မှာ ဆိုတဲ့ စိတ်ကူးယဉ်အိမ်မက်လေး ပျက်သွားတာမို့ ပြောပြီးပြီးချင်း ရိပေါ် မျက်ရည်စမ်းစမ်း ဖြစ်သွားပြီး တကယ်ကို မျက်ရည်ပေါက်ကနဲ ကျသွားတာမို့ ရှောင်းကျန့်မြင်မှာစိုးပြီး အခန်းအပြင်ကို ပြေးထွက်လိုက်ပါတယ် အပြင်ကနေ မျက်ရည်တွေ အမြန်သုတ်ပြီး ရှောင်းကျန့်ကို စောင့်နေလိုက်ပါတယ် ထိန်းတော့ထိန်းတာပဲ မျက်ရည်ဝိုင်းတာ ထိန်းမရတာခက်တာမို့ ရှောင်းကျန့်ရောက်လာတော့ မျက်နှာချင်းဆိုင်မိမှာစိုးလို့ နံရံဘက်ကိုလှည့်ပြီး

"အချစ် အပေါ်တက်နှင့်လိုက် ကျွန်တော်တို့အရင်က အခန်းလေးကို ကျွန်တော်ပြင်ဆင်ထားပြီးသား ခြေလက်မျက်နှာဆေးရင်းနဲ့စောင့်လိုက် ကျွန်တော် ပစ္စည်းလေးနည်းနည်းသိမ်းပြီးလိုက်ခဲ့မယ်"

Whatever You AreWhere stories live. Discover now