Whatever You Are - Zawgyi (26)

Start from the beginning
                                    

.x..x.x..x..x..x.x..x...x...x

ရှောင်းကျန့်က ရှောင်းအိမ်တော် နဲ့ ကိစ္စတွေဖြတ်ပြီး ပတ်သက်နေရမှာစိုးရိမ်တာနဲ့ ဩစတြေးလျလို့ အယောင်ပြပြီး ကြားထဲက Transit ဖြစ်တဲ့ ကိုးရီးယား မှာ လာရှောင်နေတာ ရိပေါ်နဲ့ပတ်သက်တဲ့ အသည်းကွဲဒဏ်ရာတွေလည်း ကုစားရင်းပေါ့ တော်သေးတာ ကိုးရီးယားမှာ ကျန်းချန်တို့ရှိနေတော့ အစစ အရာရာ အဆင်ပြေပါတယ် ကျန်းချန်က နဂိုကတည်းက အကြောင်းသိတွေမို့ ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်မို့ အလုပ်အကိုင်ကအစ နေရေးထိုင်ရေး အားလုံးအဆင်ပြေပါတယ် အရင်ကတည်း ကိုးရီးယားဘာသာစကားကို လေ့လာသင်ယူထားသူမို့ ခုချိန်ကတော့ အသုံးဝင်တာပေါ့ (ကိုးရီးယားမှာ ပြောဆိုသမျှက ကိုးရီးယားဘာသာနဲ့ပြောတာပါနော် မရေးတတ်လို့ သိထားရအောင် ခုကတည်းကရှင်းပြတာပါ)

ကိုးရီးယားလာရတဲ့ အဓိကအကြောင်းအရင်းက ဖန်ပြွန်သန္ဓေ Test tube baby ကို အငှါးကိုယ်ဝန်ဆောင်ပြီး မွေးဖို့ကိစ္စမို့ အဲဒီကိစ္စကို အရင် ကြိုးပမ်းရတာပါ

ယောက်ျားလေးလို ဘဝနဲ့နေတယ်ဆိုပေမယ့် ဒီရောက်ပြီး သိပ်မကြာခင်မှာပဲ ရှောင်းကျန့် မိန်းကလေးလို ပြန်နေဖြစ်တယ် အခု ရှောင်းကျန့်က အမျိုးသားဆုံးသွားတဲ့ မုဆိုးမ ရှောင်းကျန့်ရဲ့ မမျိုးဥတွေက အကျိတ်ဖြစ်လို့ခွဲထုတ်ထားရတာမို့ ကလေးမရနိုင်တဲ့သူအဖြစ် ဇာတ်လမ်းဆင်ထားတာပါ သိမ်းထားတဲ့ Sperm နဲ့ ဖန်ပြွန်သန္ဓေ နည်းပညာအကူအညီနဲ့ ကလေးယူဖို့လုပ်တဲ့အခါ အမျိုးသမီးမျိုးဥအတွက် Donor လည်းလိုအပ်ပါတယ် မမျိုးဥအတွက် Donor သပ်သပ်ရှာရသလို ဇာတ်လမ်းတွေ ရှုပ်လာမှာ စိုးလို့ သန္ဓေအောင်ပြီးသား သားဥလေးတွေ ပြန်ထည့်ပြီး ကိုယ်ဝန်ဆောင်ဖို့ အတွက် အငှါးကိုယ်ဝန်ပိုင်ရှင်ကို သပ်သပ်ရှာရပါတယ်

ကိုးရီးယားမှာဆိုတော့ ရုပ်ရည်ပိုင်းအရ တရုတ်နဲ့သိပ်မကွာခြားတာမို့ Donor တွေထဲက ငယ်ငယ်ချောချောမျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေတစ်ခုမှမရှိတဲ့ တစ်ယောက်ကိုရွေးပြီး စာချုပ်ချုပ်လိုက်ပါတယ် အငှါးကိုယ်ဝန်အတွက် လူရှာတဲ့အချိန်မှာ Wang Jham-Mi ဆိုတဲ့ အသက် ၂၄နှစ်လောက်ပဲရှိတဲ့ ကလေးမလေးက သူ့အမေ ဆေးရုံစရိတ်အတွက် ငွေလိုနေခဲ့တာကြောင့် အပျိုလေးပေမယ့် စိတ်ဝင်တစား နဲ့ နာမည်စာရင်းပေးတာမို့ ရှောင်းကျန့်က သူ့ကို ရွေးချယ်ခဲ့တာပါ သူ့အမေ ဆေးရုံစရိတ်အတွက် အစ/အဆုံးတာဝန်ယူပေးပြီး သူ့အမေ မသိအောင် တခြားမြို့မှာ ထားပေးဖို့ပဲ တောင်းဆိုခဲ့တာပါ

Whatever You AreWhere stories live. Discover now