Whatever You Are - Zawgyi (24)

Start from the beginning
                                    

"အချစ် ကျွန်တော် အခု အတူတူနေခဲ့တဲ့ အခန်းရှေ့ရောက်နေပြီ ဒီအခန်းလေးမှာ အတူတူ ထပ်နေကြမယ် ဒီတစ်ခါတော့ ကျွန်တော် ဘယ်တော့မှ ထပ်မသွားတော့ဘူးနော်"

ရှောင်းကျန့်ရှိသလိုမျိုးလေး ရိပေါ်တိုင်တည်ပြီး အခန်းတံခါးသော့လေး ဖွင့်လိုက်ပါတယ် ဖွင့်ဖွင့်ပြီးချင်း ရိပေါ် မျက်လုံးလေးမှိတ်လိုက်ပါတယ် ဒီကျွန်တော်တို့ နှစ်ယောက်ရဲ့ အခန်းထဲမှာ ဘာတွေရှိလဲ ဘယ်နေရာမှာ ဘာထားလဲ ပြန်တွေးကြည့်လိုက်ပါ

" အချစ် ဝင်ဝင်ချင်း တံခါးပေါက် ဘေးမှာ အကန့် ၅ကန့်ပါတယ့် ဘီရိုအဖြူကြီးရှိတယ် အချစ်က ၂ကန့် ကျွန်တော် က ၂ကန့် ထည့်ကြတာလေ အလပ်က မှန်ပါတဲ့အကန့်ကို နှစ်ဦးဆိုင် ပစ္စည်းလေးတွေ အချစ်စမ်းတဲ့အချိန် အချစ်သုံးတတ်တဲ့ တစ်ဘက်အသေးလေးတွေတို့ ဇစ်အိတ်တို့ အဲဒီထဲမှာ အစီအရီ ခေါက်ထည့်ထား ကျွန်တော် မှတ်မိသေးတယ် အဲဒီ ဘီရိုရဲ့ဘေးမှာ စာအုပ်စင် အသေးလေးရှိတယ် ဘီရိုရှေ့မှာ ကျွန်တော်တို့ အတူအိပ်တဲ့ KingSize မွေ့ရာနဲ့ ကုတင်ကြီးရှိတယ် ကုတင်ဘေးမှာ မှန်တင်ခုံရှိတယ် ကုတင်ခြေရင်းမှာ TV DVD စက် Wi-Fiစက်ရှိတယ် အဲဒီအထက်က နံရံပေါ်မှာ ကျွန်တော်တို့ လက်ထပ်တုန်းက ရိုက်ထားဓါတ်ပုံအကြီး ၂ပုံရှိတယ် တစ်ပုံက ကိုယ်တစ်ပိုင်းပုံ တစ်ပုံက တစ်ကိုယ်လုံးအပြည့်ပုံ အခန်းထောင့်နားလေးမှာ အချစ်အလုပ်လုပ်တဲ့ စားရေးစားပွဲနဲ့ ထိုင်ခုံလေးရှိတယ် ကျွန်တော် အားလုံးမှတ်မိ သေးတယ် အချစ်နေရာတွေ ရွေ့ထားသေးလား ကျွန်တော် ကြည့်လိုက်မယ်နော် "

တစ်ယောက်တည်းပြောပြီး ရိပေါ် ကျေနပ်စိတ်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်ပါတယ် မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ရိပေါ် အရမ်းထိတ်လန့်ကြေကွဲသွားပါတယ် ဘာလို့လဲဆိုတော့ အခန်းထဲမှာ ဘာဆိုဘာမှ မရှိပါဘူး အခန်းအလွတ်ကြီးသပ်သပ် ဖြစ်နေတာ ဘီရိုက အစ အကုန်ထုတ်ပစ်ထားတာပါ မဖြစ်ဘူး ဒီအခန်းကြီးရှင်းပစ်လိုက်သလို အချစ်က ကျွန်တော့်ကို သူ့ဘဝထဲ ရှင်းထုတ်လိုက်ပြီလား ကျွန်တော်နဲ့ ပတ်သတ်တာ ဘာဆိုဘာမှမကျန်အောင် အချစ်က စိတ်ဖြတ်လိုက်ပြီလား တွေးရင်းနဲ့ ဝမ်းနည်းလာတာမို့ ရိပေါ် အခန်းလွတ်ထဲမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပါတယ် အခန်းကို ဝေ့ဝိုက်ကြည့်ပြီး ဝမ်းနည်းစိတ်ကို ထိန်းမရတာမို့ မျက်ရည်တွေကျလာပါတယ်

Whatever You AreWhere stories live. Discover now