Whatever You Are - Zawgyi (19)

Начните с самого начала
                                    

စားပွဲပေါ်မှာ စာရွက်လေးကို မြင်မိပေမယ့် သေချာကြည့်နိုင်တဲ့အင်အား မရှိသေးပါဘူး ကွာရှင်းစာချုပ် အပြင် ဘာဖြစ်နိုင်ဦးမှာလဲ

မကြည့်လို့လည်း ဒါတွေအားလုံးက ကျော်ချလို့ မရတဲ့ ပြဿနာမို့ ထိုင်ခုံယူထိုင်လိုက်ပါတယ် စာရွက်လေးပေါ်မှာ

စာလုံးအကြီးကြီးနဲ့ "ခင်ဗျားကို မုန်းတယ် ဘယ်တော့မှ ပြန်မဆုံချင်ဘူး" ဆိုတဲ့စာကို မြင်လိုက်ရတော့ ရှောင်းကျန့် ရိုက်ကြီးတငင် ငိုချမိတယ် မျှော်လင့်ထားပေမယ့် နှလုံးသားက ခံနိုင်ရည် မရှိဘူး

"မုန်းသင့်ပါတယ် ရိပေါ်ရယ် မင်းအမုန်းတွေကို ငါလက်ခံပါတယ် ဒါပေမယ့် မင်းရဲ့ ကွာရှင်းစာချုပ်မှာတော့ ငါလက်မှတ်မထိုးနိုင်ဘူး"

တစ်ကိုယ်တည်းပြောရင်းနဲ့ ရှောင်းကျန့် ရိပေါ်ရေးခဲ့တဲ့ စာလေးကို သေချာခေါက်သိမ်းလိုက်ပါတယ် ကွာရှင်းစာချုပ်တွေကိုလည်း ခေါက်သိမ်းလိုက်ပါတယ် ပြီးတော့ မီးခံသေတ္တာဖွင့်ပြီး သိမ်းထားတဲ့ Marriage Certificate လေးထုတ်လိုက်ပါတယ်

" ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးမယ့်အစား ငါမင်းကို လက်ထပ်စာချုပ် ပြန်ပို့ပေးပါ့ရိပေါ် မင်းဒါကို ဖြဲလိုက်ရင် ငါတို့ကြားက တရားဝင်ပတ်သတ်မှုလေး ပျောက်ကွယ်သွားမှာမို့ မင်းကိုငါ မကွာရှင်းချင်လို့ စိတ်ပြေရာ လုပ်ပါရစေ"

ကိုယ့်ဖာသာကိုယ်ပြောရင်း ရှောင်းကျန့် Marriage Certificateတွေကို Cover အစိမ်းရောင်လေးထဲက ထုတ်လိုက်ပါတယ် ရိပေါ် လက်မှတ်ထိုးထားတဲ့ ကွာရှင်းစာချုပ်ကို Cover အစိမ်းရောင်လေးထဲ ထည့် ၊ လက်ထပ်စာချုပ်ကို Fileတစ်ခုထဲ သေသေချာချာထည့်ပြီး အိမ်ကနေ ထွက်လာခဲ့ပါတယ် အလုပ်ကိုတော့ Email ပို့ပြီး ခွင့် (၃)ရက် တင်လိုက်ပါတယ် ခုချိန်က ဘာလုပ်လုပ် လုပ်နိုင်မှာ မဟုတ်လို့ပါ အရင်ဆုံး ဟောက်ရွှမ်းဆီ သွားရမယ် သူဘာတွေသိထားလဲ သိရအောင်

ရှောင်းကျန့် ရောက်လာတော့ ဟောက်ရွှမ်းအိမ်မှာ ကျိရန် ရော ရောက်နေတာပါ သူတို့အတွဲလေးကို မြင်တော့ စိတ်ညစ်နေတဲ့ကြားက ရှောင်းကျန့် ပြုံးမိပါသေးတယ် ငါတို့ကတော့ သူတို့လို မဖြစ်နိုင်တော့ဘူးပေါ့ ဆိုတော့ အတွေးကြောင့် လည်း လူက တုံဆိုင်းသွားပါတယ်

Whatever You AreМесто, где живут истории. Откройте их для себя