Whatever You Are - Zawgyi (15)

Start from the beginning
                                    

"အချစ် တရေးနိုးလက်စနဲ့ မထူးပါဘူး ကျွန်တော့်မှိုလေး နိုးသွားပြီမို့ အချစ်စမ်းပေးပါဦး" လို့ပြောမိရင်

"အာ....ရိပေါ် အချိန်မဟုတ် အခါမဟုတ် မင်းမှိုက ဘာလို့နိုးလာတာလဲ"

"အချစ် နှိုးလိုက်တာ အချစ်ကလာနှိုးမှတော့ နှိုးပြီပေါ့"

"ပြီးတာပဲ ပေး ...ပေး စမ်းပေးမယ်"

ဆိုပြီး ရိပေါ်ရဲ့ ညီလေးပေါ် သူ့လက်နူးနူးညံ့ညံ့လေးတွေနဲ့ သေသေချာချာ ပွတ်ဆွဲပေးပါတယ် ဒီလိုကျတော့လည်း တရေးနှိုးရတာ တန်သွားပြီလို့ တွေးလို့မှ မဆုံးသေးဘူး ရှောင်းကျန့်က ရိပေါ်ညီလေးကို ဆုပ်ကိုင်ထားရင်းနဲ့ကို ပြန်အိပ်ပျော်သွားတတ်ပါတယ် ပြန်နှိုးလည်း မရတော့ပါဘူး အင်း..အင်းဆိုတဲ့အသံက လွှဲရင် ဘယ်လိုမှ နှိုးမရတော့ပါဘူး နှိုးမရတာ သေချာပြီမို့ အခွင့်အရေးလေးယူဖို့ စိတ်ကူးပြီး
င်္အကျီလေးများ လှန်လိုက်မိပါတယ် ဒီဇိုင်းနာ ရှောင်းကျန့်က ကိုယ့်ကိုကိုယ် အပြည့်အစုံ သေချာကာကွယ်ထားတာ ရေကူးဝတ်စုံလို အဝတ်ကိုမှ ဘာအသားတွေနဲ့ ဘယ်လိုတွေချုပ်ထားမှန်းမသိဘူး ကိုင်လိုက်တာ အသားက ကြမ်းရှပြီး Feel မလာ နှိုက်လို့တောင်မရအောင် အသေကကြပ်သေး
ဘယ်နားကဖွင့်ရမှန်း မသိ ချွတ်ရမှန်း မသိ ဖြစ်တာမျိုးနဲ့ မိုးမလင်းသေးခင် ညကမှောင်မှောင် စိတ်ကမှောင်မှောင် အမှောင်ကမ္ဘာထဲ သာသာယာယာ တိမ်တွေပေါ်လွင့်ရမလား အောင့်မေ့ပါတယ် ညကြီးမိုးချုပ် တစ်ယောက်တည်း ရွာလည်နေရတာမျိုးတွေပေါ့ သိပ်တော်တဲ့ ဒီဇိုင်နာနဲ့ရထားဒီတစ်ခါ မကောင်းဘူး မတတ်သာတဲ့အဆုံး ရှောင်းကျန့် ကိုဖက်ပြီး ကြိတ်မှိတ်အိပ်လိုက်ရတာမျိုးပေါ့ ကိုယ်လည်းဘယ်အချိန်အိပ်ပျော်မှန်းမသိ ညီလေးလည်း ဘယ်အချိန်ပြန်အိပ်ပျော်သွားမှန်းမသိ ဖြစ်ပြီး မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့ညတွေ ရိပေါ်ခဏခဏကြုံရပါတယ် ဒါပေမယ့် မိုးလင်းလို့ ရှောင်းကျန့်နိုးလာရင်

"ရိပေါ် ....ရိပေါ်...ဆောရီးနော် ညက အလုပ်မှာ ပင်ပန်းထားတဲ့အရှိန်ကြောင့် ဘယ်လိုအိပ်ပျော်သွားမှန်း မသိဘူး"

အဲဒီအချိန် ရိပေါ်က အိပ်ရေးမဝသေးဘူးလေ အသံကြားပေမယ့် ပြန်မထူးတော့ပါဘူး ဆက်ပြီးပဲ အိပ်နေလိုက်တတ်တာ အဲလိုဆိုရင် ရှောင်းကျန့်က အလည်လေး

Whatever You AreWhere stories live. Discover now