Whatever You Are - Zawgyi (11)

Comenzar desde el principio
                                    

တစ်ခါတုန်းကလည်းဆို သေချာရွေးပြီး ရိပေါ်ရှေ့က ရင်ခွဲပါတဲ့ ပွဲတက်ဂါဝန်လေးဝယ်ပေးပြီး Dinnerအတူတူတက်ဖို့ ခေါ်တာ ဝတ်စုံမြင်ပြီး အဲဒီလောက်ထိ မိန်းကလေး ရင်သားတွေ မြင်ချင်ရင် သွားကြိုက်တဲ့မိန်းမနဲ့သွားတွဲ ငါ့လာမတွဲနဲ့ ငါ့လာမချစ်နဲ့ ဆိုပြီး အကြီးအကျယ် စိတ်ဆိုးသွားတာ နှစ်ပတ်တိတိ အသားကုန် ပြန်ချော့ခဲ့ရတာမို့ ရိပေါ် ရှောင်းကျန့်ကို အံ့အားသင့်မိတယ် တစ်ခါတစ်ခါ ရိပေါ် စဉ်းစားမိတယ် ရှောင်းကျန့်က ခုချိန်ထိ သူ့ကိုယ်သူ မိန်းကလေးဆိုတာ လက်မခံချင်သေးဘူးနဲ့တူတယ် ဘဝမှာ ဒဏ်ရာရထားတဲ့ သူမို့ ရိပေါ် ရှောင်းကျန့်ကို အပြည့်အဝနားမလည်ပေမယ့် ဘာပဲဖြစ်ဖြစ် အားလုံးကို ရိပေါ် အလျော့ပေးခဲ့ပါတယ် တနေ့နေ့ကို သူ့ကိုယ်သူ လက်ခံသွားမှာပါလို့လည်း ရိပေါ်ထင်ခဲ့မိပါတယ် အတွေးများနေတုန်း

"ဘာတွေ တွေးနေတာလဲရိပေါ်"

"အာ အချစ်အကြောင်းတွေးနေတာ ကမ်းခြေလာတာ ရေကူးဝတ်စုံ ဝတ်မှာလား ရိုးရိုးဝတ်စုံ ဘောင်းဘီနဲ့ ရေဆင်း ကူးမှာလားလို့ တွေးနေတာလေ "

" ရေဆင်းကူးမှာတော့ ရေကူးဝတ်စုံ ဝတ်မှာပေါ့ မင်းက ဘာတွေ တွေးနေတာလဲ"

" အာ Bikini ဝတ်မှာလား 2 pieces ဝတ်မှာလား ဘာပဲဝတ်ဝတ် အချစ်က လှမှာ"

ရှောင်းကျန့်ရိပေါ် ဘာကိုတွေးပြီး စဉ်းစားနေတာလဲဆိုတာသိတာမို့   စချင်လာတာမို့

" အာ... ငါ တကယ် စိတ်ရှိတိုင်း ဆိုရင် 1 piece ဘောင်းဘီလေးတစ်ထည်တည်းဝတ်ပြီး လွတ်လွတ်လပ်လပ် ရေဆင်းကူးချင်တာ"

"ဗျာ..... မရဘူးနော် အချစ် ကျွန်တော် သဘောမတူဘူး ကျွန်တော်တောင် သေသေချာချာ မမြင်ဘူးသေးဘူး အချစ်က 1 piece ဝတ်ပြီး လူတကာ ပြမလို့လား မရဘူး လုံးဝ သဘောမတူဘူး" 

"ငါက ဝတ်မယ်ပြောလို့လား တနေ့နေ့ တော့ ငါ့စိတ်တိုင်းကျ 1 piece လေးဝတ်ပြီး ကမ်းခြေမှာ ရေဆင်းကူးလို့ ရချင်သေးတယ် ပြောတာ"

" မရဘူး ဘယ်နေ့မှ မရဘူး အခုလည်းမရဘူး တနေ့နေ့ လည်း မရဘူး ဘယ်တော့မှ 1 pieceတည်းနဲ့ ကမ်းခြေမှာ ရေကူးဖို့ မစဉ်းစားနဲ့ အချစ်တကယ် 1 piece နဲ့ ရေကူးချင်တာ သေချာရင် ကျွန်တော် Private ရေကူးကန် သီးသန့်ပါတဲ့ အိမ်ဆောက်ပေးမယ် အိမ်ထဲမှာ အလုံပိတ် ရေကူးကန် ထည့်ဆောက်ပေးမယ်   အဲဒီထဲကျမှ ကျွန်တော်နဲ့အတူတူ 1 piece ဝတ်ပြီး ရေကူးရမယ် ဘယ်ကမ်းခြေမှာ မှ မရဘူး ခွင့်မပြုဘူး"

Whatever You AreDonde viven las historias. Descúbrelo ahora