ဆရာမ၏ အမည်အရင်းသည် သိမ့်သိမ့်စိုးမြင့်ဖြစ်သော်လည်း ကလောင့်အမည်မှာတော့ မြင့်ကိုဖြုတ်ချခဲ့ပြီး သိမ့်သိမ့်စိုးအဖြစ်နှင့် ကျန်ခဲ့ကြောင်းကို အမာခံပရိတ်သတ်တစ်ဦးအနေနှင့် သူမသိခဲ့တာ ကြာပါပြီ။
ပြီးတော့ ဆရာမဟာ သူမတို့ကျောင်းထွက်ဆိုတာကိုလည်း သိပါသည်။ အပြင်မှာတစ်ခါလောက်ပဲဖြစ်ဖြစ် တွေ့ဖူးချင်ခဲ့သော ဆရာမက သူမကို စကားလာပြောသည်တဲ့။ အဲ့ဒီအချိန်တုန်းက လက်တွေတုန်ယီနေလိုက်တာများ အခုတော့ဖြင့် မမသိမ့်၊ မမသိမ့်နဲ့ ပါးစပ်ဖျားကမချ ခေါ်တွင်ပြီး စိုးနွဲ့နေမိတော့သည်။
Ring Ring Ring !!!!
ဟော သူမနဲ့စတွေ့တုန်းက အကြောင်းကို တွေးနေဆဲမှာပင် သူမဆီက အဝင်Callကို လက်ခံရရှိတော့သည်။
"Hello ၊အခုပဲ မမသိမ့်အကြောင်းကို တွေးနေတာ..."
"သီတင်းကျွတ်မှာတောင် ဒီအမကို သတိတရနဲ့စကားလာမပြောပဲ ဘာတွေများတွေးနေပါလိမ့်နော်..."
"မမသိမ့် စကားလာပြောတဲ့ နေ့ကအကြောင်းလေ။ ဒါနဲ့ မမသိမ့် အခုဘာတွေလုပ်နေလဲ။"
"ဆေးရုံသွားဖို့ ပြင်နေရင်း သတိရလို့ ဖုန်းဆက်လိုက်တာ။"
"သြော်...၊မမသိမ့်"
"ဟင်.. ပြောလေ အလင်း၊"
"မမသိမ့်ရဲ့ စာထဲက အိမ်လေးလေ အဲ့တာ တကယ်ရှိတယ်မလားဟင်..."
"ဒီကလေးမနဲ့တော့..... တော်ပြီ တော်ပြီ၊ နောက်ရက်မှပဲပြန်ဆက်တော့မယ်။ မဟုတ်ရင် ပိုင်ရှင်က ရေးခွင့်မပြုတဲ့အမှုနဲ့ အကိုကြီးကငါ့ကို တရားစွဲမယ် ပြောဦးမယ်။ နင့်အကိုအကြောင်း နင်အသိဆုံးပါ အလင်းရယ်။ ငါ့ကို ပြသနာမရှာပါနဲ့လား ကွယ်...."
"အို..မမသိမ့်ကလည်း စာအုပ်ကိုစရေးတုန်းကတော့ အခုလိုဖြစ်လာမှာကို ကြိုမတွေးခဲ့ဘူး။ အခုမှ ဘာလို့များ ကြောက်နေရတာလဲ မသိပါဘူး။"
"အဲ့ဒီအချိန်တုန်းက ငယ်တုန်း၊ရွယ်တုန်း တစ်စွတ်ထိုးဆန်တုန်းလေ။ အခုများတော့ တော်သေးပြီရှင်..."
ထိုမျှသာ ပြောပြီး ဖုန်းချသွားသည်ကြောင့် အလင်းသည် နီရဲနေသော နှုတ်ခမ်းအစုံကို လှလှလေးထော်ပစ်လိုက်သည်။
အပိုင်း (၅၂)
Start from the beginning