အပိုင်း(၁၅)

Start from the beginning
                                    

"T...T...T"

"........"

" ကျွန်မကိုကယ်ပါအုံး၊ကျွန်မအခုဘယ်ရောက်နေလဲမသိပေမယ့်
လူတစ်ယောက်က ကျွန်မကိုသတ်ဖိူ့ကြိုးစားနေတယ်အီး...ဟီး"

တစ်ဖက်ဖုန်းထဲမှ အကူအညီတောင်းလာတဲ့မိန်းကလေးအသံကြားတာနဲ့Karishမျက်ဝန်းများပြူးကျယ်သွားပြီး

"အခုကဘယ်နေရာမှာလဲ၊ကျွန်တော်အခုချက်ချင်းလာခဲ့မယ်"

"အခုကဘယ်နေရာမှာပိတ်ထားလဲတော့မသိဘူး၊ပုံစံကြည့်ရတာတော့အိမ်တစ်အိမ်ပဲ၊ဒါပေမယ့် လူသတ်လက်နတ်တွေကအစုံပဲ၊အီး..ဟီး"

မျက်စိရှေ့မြင်နေရတဲ့ ပုံစံကိုပြောပြနေတုန်းမှာပဲသူမရှေ့ထိုလူချက်ချင်းရောက်လာပြီးဖုန်းကိုဆက်ခနဲဆွဲယူကာဖုန်းပိတ်လိုက်၍
လက်ထဲပါလာသောတူဖြင့်ရိုက်ချလိုက်သည်။

"ခွပ်!"

"အား!"

"ကျွတ်!အဲ့တာကြောင့်ငါမိန်းမတွေကိုမုန်းတာပဲတအားမာယာများတယ်၊fuck မင်းတို့လိုမိန်းမတွေကလောကကြီးမှာရှိမနေသင့်တဲ့လူတွေပဲ "

ပြောပြောဆိုဆို ငိုက်ကျသွားတဲ့ သူမဦးခေါင်းကိုပင့်ယူလိုက်ပြီးဆံပင်
ရှည်တို့ကိုဆောင့်ဆွဲကာအကြည့်ချင်းဆုံစေ၍

"လူ့လောကမှာကြာကြာမနေချင်တော့ဘူးလားဟမ်"

"ထွီ...ဖွီ"

မျက်နှာတည့်တည့်ကြည့်ပြောနေတဲ့ ထိုလူ့မျက်နှာထံသူမတံတွေးဖြင့်ထွေးလိုက်ကာ ရီလျက်...

"အရှုံးသမား!မိန်းမတွေကနင့်ကိုဘာလုပ်နေလို့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားနေရတာလဲ၊ထွီ!နင်လွတ်မြောက်နေလဲတစ်ခဏပေါ့နင့်လိုစိတ္တဇလူသတ်သမားကို ဘယ်သူမှကြာကြာပစ်ထားမှာမဟုတ်ဘူး"

ဘယ့်နှယ့်ဒီမိန်းမ ဒီလောက်နှိပ်စက်ခံထားရတာတောင် အကြောတင်းနိုင်သေးတယ်။ဘာအားကိုးနဲ့ လူသတ်သမားလက်ထဲရောက်နေတာတောင် ဒီလိုမာမာတင်းတင်းပြောနိုင်နေရတာလဲ။ စိတ်ပင်ပိုတိုလာ၍ မျက်စိရှေ့က ထိုမိန်းကလေးကို ပုဆိန်ခပ်သေးသေးတစ်လက်ဖြင့်ခုတ်ချလိုက်တော့

"ဖြောင်း!"

"အား!"

"အား....အီး...ဟီး..."

Karishna &The Psychic Killer [ Completed ]Where stories live. Discover now