"ဒါက ဘာဖြစ်လာတာလဲ"

စားပွဲပေါ်က ပဲပြားအထုပ်ကြီးကြီးကို  မေ့ငေါ့ပြ
ရင်းဂျောင်ဆူး မေးလိုက်သည်။

"မကောင်းတဲ့နေရာရောက်ခဲ့လို့...ပဲပြားစားနေတာ"

အထူးအဆန်း သိပ်လုပ်သည့်ကောင်မို့ ဂျောင်ဆူး အရေးလုပ်မနေဘဲ အလုပ်စားပွဲရှေ့ထိုင်ကာ Fanshion Week အတွက် designတွေ ပြန်စစ်နေလိုက်သည်။နောက်တစ်နာရီ‌မှာ ဘတ်ခ်ဟွန်းနဲ့
ဟင်ဒရီတို့နဲ့အတူ ရိုက်ကူးရေးရှိတာမို့ ဒါတွေအရင် ပြီးအောင် လက်စသတ်မှာ ရမည်။

မော်ဒယ်တစ်ယောက်အတွက် အချိန် ဒီလောက်ပေါမှန်း ဂျောင်ဆူး မသိခဲ့ဘူး။ညနေ့ ၄နာရီမှာ ရိုက်ကူးနေစပြီး ဓာတ်ပုံရိုက်မှာကို ဘတ်ခ်ဟွန်းက တစ်နာရီစောင့်ပြီး ရောက်ချလာသည်။

“ဒုန်း!”

တံခါးမခေါက်ဘဲ အခန်းထဲ ပြေးဝင်လာတဲ့ဟင်ဒရီက ဂျောင်ဆူးဘက်က အခန်းထဲဝင်ရင် တံခါးခေါက်ဖို့ ဘယ်လောက်ပြောပြော မမှတ်ထားဘူးပဲ။

“စီနီယာ!!အဆင်ပြေရဲ့လား။သူများကား ဝင်တိုက်လို့ဆို!ရဲစခန်းရောက် သွားတယ်ဆို!!”

“ရော့..ရော့မင်းအရင် ရေသောက်လိုက်အုံး”

ဟိုကရွဲ့ပြီး ရေဗူးကမ်းပေးတာကို ဟင်ဒရီက တကယ်သောက်ချပစ်၏။

“စီနီယာ...”

“မင်း အမောပြေရင် ပြောပြမယ်။ငါ ရဲစခန်းရောက်ခဲ့တယ်ဆိုတာ အမှန်ပဲ။ဒါပေမဲ့ ဟိုဘက်က အများကြီး ထိခိုက်မသွားတာလို့ ကျေအေးပေးလိုက်တယ်”

“တော်ပါသေးရဲ့။စီနီယာ ထိခိုက်တာ ရှိလား”

“ဟင့်အင်း။မင်း အမြင်ပဲ ငါအကောင်းကြီးကို ”

စကားပြောရင်နဲ့ပဲ ဘတ်ခ်ဟွန်းက နောက်ထပ်ပဲပြားတစ်ခု ပါးစပ်ထဲ ထပ်ထည့်၏။ဒါနဲ့ နေပါဦး။အစောနက ဘတ်ခ်ဟွန်းပြောတာ မကောင်းတဲ့နေရာ ရောက်ခဲ့လို့ ပဲပြားစားနေတာ??

"မင်းရဲ့ပထမဒိတ် ဘာလိုဖြစ်သွားပြီလဲ"

ပဲပြားကိစ္စ ဘတ်ခ်ဟွန်းကို မေးမယ်ကြံနေတုန်း ဘတ်ခ်ဟွန်းက စပ်စုတော့တာပဲ။စပ်စပ်စုစုလုပ်နေတဲ့ဘတ်ခ်ဟွန်းကို ဂျောင်ဆူး ခေါင်းသာ ခါပြလိုက်သည်။တကယ်လည်း ဂျောင်ဆူး မသိဘူး။ဦးဘက်က ဂျောင်ဆူးကို ပထမဒိတ်ပြီးကတည်းက မဆက်သွယ်တာ။ဂျောင်ဆူးက ဘာလိုလုပ် သိမှာလဲ။

MY YOUTHSWhere stories live. Discover now