အပိုင်း (၈၈၇) - မင်းသွားတဲ့နေရာ ငါသွားမှာ

Start from the beginning
                                    

ဝူလင်းယူသည် ရိုးရှင်းစွာပြောသော်လည်း ဘယ်လိုဖြစ်မလဲဆိုသည်ကို ရှီမာယူယူသိသည်။ ထိုအခိုက်အတန့်သည် မည်မျှ အန္တရာယ်များသလဲဆို သည်ကိုလည်း သိသည်။

"ဒါဆို အခုထွက်လာပြီဆိုတော့ မပြန်တော့ဘူးမလား"

"အချိန်တစ်ခုတော့ မပြန်ဘူး အဲအဘိုးကြီးလည်း နည်းနည်းတော့ ဒဏ်ရာရသွားတယ်၊ ငါထင်တာတော့ သူလည်းအချိန်တစ်ခုလောက် သီးသန့် ကျင့်ကြံဖို့လိုလိမ့်မယ် သူမထွက်လာမချင်း ငါအဆင်ပြေမှာပဲ"

"အချိန်တစ်ခုလောက်ဟုတ်လား အဲဒါဆိုရင် ပြန်တော့သွားရဦးမှာပဲပေါ့" ရှီမာယူယူ မျက်မှောင်ကြုတ်လေသည် "ကိစ္စတွေက ဒီလိုတွေဖြစ်နေပြီ အဲဒါ ကို ဘာလို့ပြန်သွားမှာလဲ၊ အစ်ကို့ရဲ့ခန္ဓာကိုယ်ကို ယူလိုက်မှာမကြောက်ဘူး လား"

"ငါလုပ်ရမှာတွေ မပြီးသေးတာတွေရှိသေးတယ်" ဝူလင်းယူ ပြောလေ သည် "ငါ့ဝိဥာဉ်က မပြည့်စုံသေးတော့ ဒီတစ်ကြိမ်ကို သူကိုင်တွယ်နိုင်ရင် ကိုင်တွယ်နိုင်လိမ့်မယ်၊ ငါ့ဝိဥာဉ်ပြည့်စုံသွားရင်တော့ စားမယ့်သူက သူ မဟုတ်တော့ဘူး ငါပဲဖြစ်လိမ့်မယ်"

"ဒါဆို အစ်ကိုမြန်မြန် မိုရှားနဲ့ ပေါင်းစပ်သင့်တယ်၊ နောက်ပိုင်းကို မိုရှား ရဲ့ အခြေအနေ ပိုကောင်းလာတယ်" သူသည် သူ့အသက်ကိုဂရုမစိုက်ပဲ တစ်စုံတစ်ခုကိုလုပ်ချင်မှတော့ သူမက ဘယ်လိုလုပ်လက်လျော့ခိုင်းလို့ရ မလဲ။ သူတို့အမြန်ပေါင်းပ်ဖို့သာ သူမ အားပေးနိုင်သည်။ ထိုမှသာ သူလုံခြုံ မည်ဖြစ်သည်။

"အင်း" ဝူလင်းယူသည်လည်း မြန်မြန်ပေါင်းစပ်ချင်သည်။ ပြီးခဲ့သည့် တစ်ခေါက်က အလွန်အန္တရာယ်များခဲ့သည်။ အဘိုးကြီးမှာ သွေးနထင်ရောက် နေသည်။ သူပေါင်းစပ်လိုက်မှပင် ပြန်တိုက်ခိုက်နိုင်မည်။ မဟုတ်လျှင် အခြေ အနေမှာ ပိုဆိုးလာရုံပင်။

"အပြင်မှာ ဘယ်လောက်ကြာအောင်နေမှာလဲ"

"၁နှစ် ၂နှစ်ပေါ့၊ ၃နှစ်ကနေ ၅နှစ်လည်းဖြစ်နိုင်တာပဲ၊ မသိဘူး အဲ ဘိုးတော်ရဲ့ အခြေအနေကို မူတည်မှာပဲ" ဝူလင်းယူ ပြောလိုက်သည် "သူ ထွက်မလာမချင်း ငါပြန်ဖို့မလိုဘူး"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now