အပိုင်း (၈၆၂) - အသွင်ပြောင်းမိုးကြိုးဘေးသင့်ခြင်း

1.9K 256 5
                                    

Zawgyi

အခန်း (၈)

အပိုင်း (၈၆၂) – အသွင်ပြောင်းမိုးကြိုးဘေးသင့်ခြင်း၊ ဘေးသင့် တိမ်တိုက်လေးအား နောက်တစ်ကြိမ်ပြန်တွေ့ရခြင်း

ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ အံ့သြနေရာမှ သတိပြန်ဝင်မလာ ခင်တွင် သူမ သူမ၏ဝိဥာဉ်မိစ္ဆာများကိုပြောလိုက်သောစကားများကိုကြား သောအခါ နောက်တစ်ခါ အံ့သြရပြန်သည် "မင်းတို့ တစ်ကောင်ပြီးမှ တစ်ကောင်လုပ်ရတာ ရှုပ်တယ် ဒီအတိုင်းတစ်ခါတည်း အကုန်လုပ်လိုက် တော့"

"ခဏလေး ခဏလေး" ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ လက်ကိုဆွဲ ကာ တားလိုက်သည် "ဂျူနီယာမောင်လေး သူတို့အကုန်လုံး တစ်ခါတည်း အသွင်ပြောင်းမယ်ဆိုရင် ဘေးသင့်မှုက ပိုအားပြင်းမယ်ဆိုတာ သိလား မသိ ဘူးလား"

"သိတယ်လေ" ရှီမာယူယူ ပြောလိုက်သည်။

"သိတယ်ဆိုရင် ဘာလို့အကုန်လုံးကို အတူလုပ်ခိုင်းရတာလဲ"

"ရပါတယ် စီနီယာအစ်မ" ရှီမာယူယူ ပြောလိုက်သည် "မိုးကြိုးပစ်တာ ကို စိုးရိမ်ဖို့မလိုပါဘူး၊ ဘေးသင့်မှုတိမ်တိုက်လာတာနဲ့ ရှေးဟောင်းနှောင်းဖြစ် တွေကို ပြောလို့တောင်ရသေးတယ်"

ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် သူမစကားလုံးများကို နောက် နေသည်ဟု သဘောထားလိုက်သည်။ နောက်မှပင် သူမသည် အမှန်တကယ် ပင် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုနေသည်ကို သိလိုက်ရလေသည်...

သူတို့သည် ဝိဥာဉ်မိစ္ဆာများအတွက် ဘေးသင့်မှုတိမ်တိုက်သည် မည်မျှ အရေးကြီးသည်၊ ကျော်လွှားရန်ခက်ခဲသည်ကို သူမကို အကြံပေးချင်သည်။ ထိုနေရာတွင် အထွတ်အထိပ်မိစ္ဆာအဖြစ် သေသွားပါက အထိမ်းအမှတ်အဖြစ် သာကျန်ခဲ့ပေမည်။

သို့သော် သူတို့စိုးရိမ်သလို ရှီမာယူယူတွင် စိုးရိမ်မှုမရှိသည်ကို တွေ့ လိုက်ရသည်။ ထိုအကြောင်းကို ထပ်ပြောရန်သူတို့အခက်တွေ့သွားသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ထိုကိစ္စနှင့်ပတ်သတ်ပြီး အနည်းငယ် စိတ်လှုပ်ရှားမိသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now