အပိုင်း (၇၃၉) - မသေချင်ရင် မသေဘူး

2.1K 263 2
                                    

Zawgyi


ရှီချန်း ပြောလာသဖြင့် သူတို့ဘာမှမပြောပဲ သဘောတူလိုက်ကြသည်။ သူတို့သည် သူ့ကိုအိမ်သို့ပြန်ပို့ပြီး ရှီမာယူယူကိုရှာရန် ၂ရက်စောင့်ကြလေ သည်။

သို့သော် သူတို့ သူမကိုသွားမရှာခင်တွင် သူမရောက်လာသည်။

ရှီမာယူယူသည် လွန်ခဲ့သည့်၂ရက်အတွင်းတွင် ဒဏ်ရာများပိုသက်သာ လာခဲ့သည်။ ရှုဂျင်းသည် သူမကို ဂိုဏ်းသို့ပြန်ရန် ပြောလသည်။ ပြီးခဲ့သည့် အဖြစ်အပျက်သည် တိုင်းပြည်အတွင်းတွင် မုန်တိုင်းထန်သွားခဲ့သည်။ ဂိုဏ်းသည် မခံနိုင်တော့ပေ။ သူတို့သည် ပြန်ရန်လိုပြီး ထိုအင်အားကြီးများကို တိုက်ခိုက်ရဦးမည်။

"ဟင်း အဆိုးဆုံးက ငါတို့က ခရမ်းရောင်တိမ်တိုက်အမိန့်ကို ဖြေရှင်းပြီး ဂိုဏ်းက သူတို့လွယ်လွယ်နဲ့ ပြစ်မှားလို့မရဘူးဆိုတာ သိအောင်လုပ်ရမယ်" ရှုဂျင်းသည် သက်ပြင်းချပြီးထွက်သွားလေသည်။

သူသည် သူမကို သူတို့နှင့်အတူပြန်လိုက်ရန် ပြောခဲ့သည်။ ထို့အပြင် သူမသည် တိုင်းပြည်အတွင်းတွင် နေရန် မလုံခြုံပေ။ သူမသည် လူအများ ကိုထိခိုက်အောင်လုပ်ခဲ့သည်။

သူမ ခေါင်းရမ်းကာ ငြင်းဆန်ခဲ့သည်။

"အဲတုန်းက ကျွန်တော်တို့အားလုံး မျက်နှာဖုံးတပ်ထားကြတာ၊ အသက် ရှင်တဲ့လူလည်းမများဘူး၊ ကျွန်တော့်ရုပ်ကိုသိတဲ့လူ နည်းပါတယ်၊ ကျွန်တော် တို့ မစ်ရှင်လည်းမပြီးသေးဘူး ဆရာတို့နဲ့ပြန်လိုက်လို့မရဘူး"

"မင်းတို့က အကြောက်အလန့်မရှိတဲ့အုပ်စုပဲ၊ ဒါပေမဲ့ ဖန်နဲ့ဆိုရင်တော့ သာမန်လူကမင်းကိုထိခိုက်အောင် လုပ်လို့မရပါဘူး၊ ဟုတ်ပြီ မင်းကိုယ့် ဘာသာ စီစဉ်ပေါ့" ရှုဂျင်းသည် စိတ်ပြေသွားလေသည် "ဒါနဲ့ ရှောင်ချီ့ အခြေအနေတည်ငြိမ်ရင် အဘိုးကြီးယွမ်ကို သူမအဆင်ပြေတဲ့အကြောင်း သတင်းပို့လိုက်ဦး၊ ပြီးတော့ ပွဲမတိုင်ခင် အပြင်မှာနေဖို့ ၃လပဲအချိန်ရတယ်၊ မင်းနဲ့ မင်းသူငယ်ချင်းတွေ ဝင်ပါကြမယ်မလား၊ အချိန်မလွတ်စေနဲ့"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now