အပိုင်း (၇၆၁) - မျှော်လင့်ချက်မဲ့ခြင်းနှင့် ဒေါသမျာ

1.8K 231 0
                                    

Zawgyi

အပိုင်း (၇၆၁) – မျှော်လင့်ချက်မဲ့ခြင်းနှင့် ဒေါသများ

"ဘာတိုက်ပွဲလဲ၊ ဘာလို့ငါက မကြားဖူးရတာလဲ" ရှန်မင်လန်သည် စပြောလေသည်။

"အဲတုန်းက မင်းကဂိုဏ်းကိုမရောက်သေးဘူး မင်းရောက်တော့ အပြင် ကကိစ္စတွေကို ဂရုစိုက်ခဲ့တာမှ မဟုတ်တာ၊ မသိတာပုံမှန်ပါပဲ" အပြာရောင် ဓားသွား ပြန်ဖြေလေသည်။

"မင်လန် အဲတိုက်ပွဲကိုမင်းမမြင်လိုက်ရဘူးပဲ၊ တကယ့်ကို ပွဲကြီး ပွဲကောင်းပဲ" ချီဝေသည် ရှန်မင်လန်၏ လည်ပင်းကို သိုင်းဖက်ပြီး ထိုတိုက်ပွဲ အကြောင်းကို စိတ်လှုပ်ရှားစွာပြောပြလေသည်။

"မင်းမြင်လိုက်တာလား" ရှန်မင်လန် မေးလေသည်။

"ဒါပေါ့" ချီဝေသည် နောက်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်ကိုပွတ်ရင်းနှင့် ပြောလေသည် "အဲတုန်းက ငါကပင်မတပည့်မဖြစ်သေးဘူး၊ ငါ့ကျင့်စဉ်က လည်း ထိပ်အဆင့်ကိုနီးနေတုန်းပဲရှိသေးတယ်၊ တိုက်ပွဲကို ကိုယ်တိုင်မြင် လိုက်ရတာ၊ ငါ့အိမ်တောင် ပျံသွားသေးတယ်"

"အဲလောက် ကြီးတဲ့တိုက်ပွဲအကြောင်း မင်းတို့ပြောတာ ဘာလို့ မကြားဖူးရတာလဲ" ရှန်မင်လန် ပြောလိုက် သည်။

"ဂိုဏ်းက ပြောဖို့ကိုတားမြစ်ထားလို့လေ" ချီဝေရှင်ပြလေသည် "အနီ ရောင်ဓားသွားတပည့်က ဘာလုပ်လိုက်လို့ အဲလောက်ပြင်းထန်တာကိုဖြစ်စေ တာလဲတော့ ငါလည်းမသိဘူး၊ နောက်တော့ ဆရာတွေက အဲအကြောင်း မပြောဖို့ အမိန့်ပေးခဲ့တယ်၊ အဲဒါကြောင့် ဘယ်သူမှမပြောကြဘူး၊ ဒီနှစ်တွေ အားလုံးမှာ အကြီးဆုံး စီနီယာအစ်ကိုလည်း မပြောတာနဲ့ အကုန်လုံး မေ့မေ့ပျောက်ပျောက်ဖြစ်နေကြတာပဲ"

"အဲတိုက်ပွဲက တကယ်ပဲ ကမ္ဘာကို အုံကြွသွားစေတာလား"

"ဟတ်ုတယ် အထူးသဖြင့် အဲလူသုံးသွားတဲ့ နောက်ဆုံးအကွက်ပဲ၊ တိုက်ခိုက်မှုစွမ်းအင်က နှစ်ဆတိုးသွားတာ၊ အနီရောင်ဓားသွားသခင်က နိုင်တော့မယ့်အချိန်မှာ နောက်ဆုံးကျ ရှုံးသွားတယ်လေ" ကျူလန် ပြော လေသည်။

"သူ့နာမည်က ရှီမာလျူယွမ်၊ ပြီးတော့ သူနာမည်ကလည်း ရှီမာယူယူ၊ သူကလည်း အဲမိသားစုကပဲ ဖြစ်မလားပဲ" ယုချင်းသည် တွက်ချက်ကြည့် နေလေသည်။ သူမ ပါးစပ်ကိုလက်ဖြင့် ကာလိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now