အပိုင်း (၈၇၄) - ရင်းနှီးနေတဲ့လူလား

1.8K 249 1
                                    

Zawgyi


ပန်ကျားနန်သည် မြင်ကွင်းမှပျောက်သွားကာ အနက်ဝတ်လူသည် ရှီမာယူယူအကြောင်းရလိုက်သည့် သတင်းကို စဉ်းစားနေသည်။ ဒီလူသည် ဆူးငြောင့်ဖြစ်သည်ဟု သူခံစားနေရသည်။

သူသည် ထိုအဆိပ်အမျိုးအစားကိုဖော်စပ်နိုင်သည်မှာ သာမာန်လူ မလုပ်နိုင်သော အရာဖြစ်သည်။

"ဘယ်သူလဲ"

သူသည် တစ်စုံတစ်ယောက်၏ ရောင်ဝါကိုခံစားမိသဖြင့် လှည့်လိုက်ချိန် တွင် အရိပ်သုံးခုသည် ကြီးမားသောအကွယ်နောက်မှ ပျံထွက်လာသည်ကို မြင်လိုက်ရသည်။

သူသည် ဝမ်စီမြောင်ကို သိလိုက်သော်လည်း ကျန်နှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့က ဒီလောက်နီးနီးလေးမှာရှိတာ သူတကယ်ပဲ မသိခဲ့ တာလား။

သူတို့သုံးယောက်သည် အလွန်လျင်မြန်ကာ မျက်စိတစ်မှိတ်အတွင်း သူ့ ဘေးတွင် ဆင်းသက်လိုက်ကြသည်။ သူသည် သုံးယောက်၏ ဝိုင်းခြင်းကိုခံ လိုက်ရသည်။

"ဝမ်စီမြောင်" ထိုလူသည် ဝမ်စီမြောင်ကိုကြည့်လိုက်သည်။ သူ့ကိုတွေ့ သွားသည်ကို အများကြီးမစဉ်းစားတော့ပေ။

"မင်းဘယ်သူလဲ" ဝမ်စီမြောင်သည် သူ့ကိုကြည့်လိုက်ရာ အနက်ဝတ်လူ သည် လုံအောင်ဖုံးလိုက်သဖြင့် သူ့ကိုလုံးဝမသိနိုင်ပေ။

"ဟီးဟီး... ငါဘယ်သူလဲဆိုတာကို သိဖို့ မင်းအဆင့်မမှီဘူး" အနက်ဝတ် လူပြောလိုက်သည် "အဲလူတွေက တကယ်ပဲမင်းကိုသတ်တာ ရှုံးနိမ့်မယ်လို့ မထင်ထားဘူး၊ အခုတော့ မင်းက ငါ့ရှေ့မှာလာရပ်နေတာပဲ"

"အဲတော့ မင်းက ငါ့ကိုသတ်ဖို့လူလွှတ်လိုက်တဲ့သူပေါ့" ဝမ်စီမြောင် ပြောလိုက်သည် "ဒါပေမဲ့ သူတို့ငါ့ကိုမသတ်နိုင်ဘူးလေ၊ အဲ့အပြင်ကို သူတို့ကို သေတွင်းပို့ပေးလိုက်တယ်၊ သူတို့ဆီက မင်းဘယ်သူလဲဆိုတာကို မသိလိုက် ရတာတော့ နှမြောဖို့ကောင်းသား"

"သူတို့က ငါ့လူတွေပဲ သူတို့ဆီက ငါ့သရုပ်မှန်ကို ဘယ်လိုလုပ်သိနိုင်မှာ လဲ" ထိုလူပြောလေသည် "သူတို့က မင်းသတ်တာခံလိုက်ရတော့ မင်းက ငါ့ လက်ထဲမှာသေမှာပဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now