"အင်း..."
ခပ်တိုအကျီနဲ့ စကပ်တိုတိုဖြင့်
မိန်းမလှလေး ထွက်လာတော့သည်။"ရောင်စဥ်ရယ် နင်ကအရမ်းလှတာပဲ"
ဒီလိုနဲ့ Naeun နဲ့ အတူ Shopping ထွက်ပေးရင် မိန်းကလေးတွေလမ်းလျှောက်နည်း ကိုယ်နေကိုယ်ထားကိုသင်ပေးသည်။
"ရောင်စဥ် ဒီမှာ စောင့်နေ...ငါ သန့်စင်ခန်း ခဏလောက်..."
"အင်း..."
ရောင်စဥ်က စောင့်နေရင်း လမ်းအနည်းငယ်လျှောက်ရင်း တစ်ဖက်က အကျီတွေကိုငေးကာဖြင့်လျှောက်ရင်း ဖုန်းကိုကြည့်လာသည့် သူနဲ့ဝင်တိုက်မိတော့သည်။
"အား..."
"oh..."
နှစ်ယောက်လုံးတော်တော်နာသွားသည်။
John က ရောင်စဥ်ကို ဒေါသထွက်စွာ
ကြည့်ပေမယ့် ရောင်စဥ်ကို မြင်လိုက်တော့လှပပြီးချစ်ဖို့ကောင်းလှသည့်
မိန်းမလှမျိုး ဒီလို မိန်းကလေးကရှိတယ်ပေါ့လို့တွေးလိုက်မိသည်။"မင်းအဆင်ပြေရဲ့လား "
"ဟွန့်....."
ရောင်စဥ်က မကြည် အကြည့်နှင့်ကြည့်လိုက်သည်။ ဒီချိန်မှာ Naeun က သူ့အားလိုက်ရှာနေသည် သူ့ဖုန်းဝင်လာတော့ ရောင်စဉ် က ကိုင်လိုက်သည်။
"Hello..."
"ရောင်စဥ်နင်ဘယ်ပျောက်သွားတာလဲ.. "
"အော်...ငါအခုလာခဲ့မယ်"
ရောင်စဥ်က ချင်ချင်းလှည့်ကာသွားမည်လုပ်တော့ John က ရောင်စဥ်လက်ကိုလှမ်းဆွဲကာ
"နာမည်လေးပြောသွားပါလား "
ရောင်စဥ်က ဘာမှမပြောဘဲ လက်ကိုရုန်းကာ ချက်ချင်းရုန်းထွက်လိုက်သည်။
သူNaeun ဆီရောက်တော့
"နင်ဘယ်လိုဖြစ်လာတာလဲ "
"ဘာမှမဖြစ်ပါဘူး..."
"နင့်လည်ပင်းက ဆွဲကြိုး ရော"
ပြီးမှ သူ့လည်ပင်းကို ကိုင်ကြည့်လိုက်မိမှ
"ငါ့ လည်ဆွဲလေးရော...ငါ့အမေ
ဆွဲကြိုးလေး ငါ့အမေကို သတိရတိုင်းထုတ်ဝတ်တာ...သွားပါပြီ ဘယ်မှာကျကျန်ခဲ့လဲ.."
PART 12
Start from the beginning