🌏Special Part🌏

3.7K 285 49
                                    

Liceအခန်းထဲဝင်လိုက်တော့ အခန်းအပြင်အဆင်ကြောင့် Janeပါးစပ်ကိုလက်ဝါးလေးနဲ့အုပ်ကာ အံ့သြသွားပီး.....

"ဟင်....ဒါ ဒါတေက..."

Liceအခန်းပေါက်ဝမှာတင် ရပ်ပီး အခန်းထဲကိုမဝင်သေးပဲ ပါးစပ်ကိုလက်ဝါးလေးနဲ့အုပ်ကာအခန်းပတ်လည်ကိုအံ့သြစွာကြည့်နေတဲ့Janeကြောင့် Liceကရယ်လိုက်ကာ....

"ဟ ဟ ပြောတော့ Jမအံ့သြဘူးဆို ....လာ အထဲဝင်မယ်လေ ဒီတိုင်းကြီးရပ်မနေနဲ့...."

Janeလက်လေးကိုဆွဲကာ Liceကကုတင်ပေါ်တွင်ထိုင်ခိုင်းလိုက်ပီး Liceကတော့ကြမ်းပြင်ပေါ်မှာ တမင်ခွေထိုင်လိုက်ကာ... Janeပေါင်ပေါ်ကိုမေးလေးတင်လိုက်ရင်းမော့ကြည့်လိုက်တော့ မျက်ရည်စတေရစ်ဝဲနေတဲ့ မျက်ဝန်းတစ်စုံက Liceကိုပြန်ကြည့်ကာ နှုတ်ခမ်းတေကတော့ အပြုံးတေခိုတွဲနေသလို .....Liceပါးလေးကို ခပ်ဖွဖွပွတ်လိုက်ရင်း...

"ဘာ ဘာလို့ J....အဲ့လောက်ထိ မထင်မိဘူး ...."

"ကိုယ်ရဲ့ ရူးသွပ်မှု့ကိုပြောချင်တာလား ဟင်..."

"အာ့ညီး...ဒါတေက.ရူးသွပ်မှု့မဟုတ်တော့ဘူး မြတ်နိူးတန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုရောက်နေတာ သိရဲ့လား...."

"ရူးသွပ်မှု့မဟုတ်ဘူးလား သူများတေသာ ကိုယ့်အခန်းကိုဝင်ကြည့်ရင် အရူးလို့ထင်ကြမှာလေ ဘာလို့ဆိုတော့ ကိုယ်က Idolတစ်ယောက်ကို Fanဆိုတဲ့ ...ဘောင်ကနေကျော်လွန်ပီးတိတ်တိတ်လေးချစ်နေမိတာ..."

Liceကပြုံးပီး Janeကိုမော့ကြည့်ကာပြောနေတာကြောင့် JaneကLiceအခန်းပတ်ပတ်လည်ကိုကြည့်ရင်း လက်ညိုးလေးနဲ့ ထိုးကာ....

"ဒါတေ ဒါတေက အရူးတစ်ယောက်ရဲ့လုပ်ရပ်မဟုတ်တော့ဘူး ...Jမအံ့သြဘူးလို့ ပြောခဲ့တာက Fan Girlဖစ်တဲ့Banက Jရဲ့Posterတေကပ်ထားမယ် Albumတေဝယ်သိမ်းထားမယ် Jရဲ့ လက်မှတ်ပါတဲ့T-Shirtတေသိမ်းထားမယ်လို့ပဲထင်ထားခဲ့တာလေ...."

"Omm..."

"Jဘာလို့ အံ့သြသွားတာလည်းဆိုတာ သိရဲ့လား..."

Liceသိပေမယ့် Janeပြောပြတာကိုကြားချင်တာကြောင့် ခေါင်းရမ်းလိုက်ရင်း...

"အာ့ညီး ကိုယ်မသိဘူးလေ Jပြောပြ..."

"မသိတာတော့ မဟုတ်လောက်ပါဘူးနော် Jပြောပြတာကို Banကကြားချင်တာမလား လူလိမ်..."

🌏You Are My World🌏(Completed)Where stories live. Discover now