Part-53🌏

3.6K 324 54
                                    

*J...Jက ငါ့ကိုပြုံးပြတယ်*

Liceကားပေါ်မတက်ပဲတံခါးဝမှာရပ်နေတာကြောင့်Daraကကားပေါ်တက်ဖို့သတိပေးလိုက်မိတယ်။

"ကားပေါ်တက်လေ။ဘာရပ်လုပ်နေတာလဲ."

"တီ တီလေး။J JကLiceကိုပြုံးပြသွားတယ်..."

"အမလေးတော်။သူ့ကိုJaneကပြုံးပြသွားတာနဲ့တင်ဒီလောက်ပျော်နေတယ်။Janeကအဖြေများသာပြန်ပေးရင်ထများကနေမလားမသိဘူးနော်..."

Daraကတူမဖြစ်သူLiceအကဲပိုနေတာကိုကြည့်ရင်းမျက်စောင်းထိုးကာပြောလိုက်တာကြောင့် Liceရယ်ပြပါတော့တယ်။

"ချစ်တာကိုး။တီလေးရဲ့..."

"ဟုတ်ပါပီ။အခုတက်တော့။ဒီကားထဲမှာကတီလေးနဲ့Liliပဲပါမှာ။ကျန်တဲ့သူတေကရှေ့ကားမှာ..."

"အဲ့တာကောင်းတာပေါ့။တီလေးရဲ့..."

"ကားပေါ်ရောက်ရင်နားလာမငြီးနဲ့နော်။ရှင့်အကြောင်းကိုသိလို့ကြိုပြောထားတာ ..."

"တီလေးကလဲ..."

လေဆိပ်သွားဖို့အတွက်CLကကားစီစဥ်ပေးထားတာကြောင့်Janeတို့ကရှေ့ကားပေါ်တွင်ပါသွားပီးLiceနဲ့Daraကတော့နောက်ကားနဲ့ပဲလိုက်ခဲ့ကြတယ်။

​ခြံထဲကနေကားနှစ်စင်းမောင်းထွက်သွားတာနဲ့Liceအတွက်CLတီးတိုးလေးဆုတောင်းပေးနေမိတော့တယ်။

"Ommaခလေးလေး။Janeလေးအချစ်ကိုပြန်ရပါစေကွယ်။Ommaဖက်ကတတ်နိုင်သမျှကူညီပေးထားပေမဲ့LiliကိုJaneလေးပြန်ချစ်နိူင်ဖို့က Liliလေးရဲ့ကံတရားပေါ့ကွယ်။Liliအတွက်အိမ်ကနေပဲOmmaဆုတောင်းပေးနိူင်တယ်...."

Janeပြုံးပြလိုက်မိတာကိုအံ့သြကာရပ်သွားတဲ့အထိကြောင်ကြည့်နေတဲ့Liceပုံစံကိုပြန်တွေးမိပြန်တယ်။

"ရှင်ကတော့လေ။အမြဲတမ်းအူကြောင်ကြားနဲ့Janeပြုံးပြတာတောင်ဒီလောက်ဖြစ်နေရင်ဒီနေ့ရှင်​အတွက်လုပ်ပေးမဲ့စပရိုက်ကြောင့်ရှင်ဘယ်လိုဖြစ်သွားမလဲဆိုတာသိချင်မိသား..."

တစ်ယောက်ထဲပြုံးကာတီးတိုးလေးရေရွတ်နေတဲ့ JaneကိုJinnyကမေးလိုက်မိတယ်။

"ဘာတွေတစ်ယောက်ထဲသဘောကျပီးပြုံးနေတာလဲ့Ruby ရဲ့..."

"အာ့ညီးရား။ဒီတိုင်းပါပဲUnnieရယ်..."

🌏You Are My World🌏(Completed)Where stories live. Discover now