Part-43🌏

3K 328 34
                                    

Jinnyစကားကြောင့်Liceစိတ်တိုသွားပေမဲ့ Janeရဲ့အစ်မဖြစ်တယ်ဆိုတဲ့စကားနဲ့စိတ်ပူတယ်ဆိုတဲ့စကားကြောင့်JinnyကိုLiceတည့်တည့်စိုက်ကြည့်လိုက်ပီးသူ့ရဲ့ဆန္ဒကိုလေးနက်စွာပြောပြမိတော့တယ်။

"Unnie..."

"ပြော။နင်ယောကျ်ားလေးလိုဟန်ဆောင်ရတဲ့အဓိကရည်ရွယ်ချက်ကို...."

"Nae..Liceယောကျ်ားလေးလိုဟန်ဆောင်ထားရတဲ့ပထမအချက်ကJaneတို့Bodyguardခေါ်တာကယောကျ်ားလေးဖြစ်နေလို့။ဒုတိယအချက်က Liceချစ်ရတဲ့Janeကိုအနီးကပ်ကာကွယ်စောင့်ရှောက်ပေးချင်လို့။တတိယအချက်ကတော့Janeအားငယ်ဝမ်းနည်းနေတဲ့အချိန် Liceဘေးကနေရှိနေပေးပီးနှစ်သိမ့်အားပေးချင်တဲ့စိတ်ကြောင့်ပါ။Janeကိုထိခိုက်ပါစေဆိုတဲ့စိတ်နဲ့ Liceဟန်ဆောင်ခဲ့တာမဟုတ်ပါဘူးUnnie..."

Liceဖြေနေတဲ့အချိန်မှာမျက်လုံးတေကအရောင်လဲ့နေသလိုJaneကိုချစ်တယ်ဆိုတဲ့နေရာရောက်တော့နှုတ်ခမ်းကအနည်းငယ်ပြုံးသွားတာကိုJinnyမြင်လိုက်ပေမဲ့မသိချင်ယောင်ဆောင်ပီး Unnieတစ်ယောက်အနေနဲ့မေးသင့်တယ်ထင်တဲ့စကားကိုထပ်မေးလိုက်မိတယ်။

"နင်ပြောတဲ့စကားတေကိုငါဘယ်လိုယုံပေးရမှာလဲ?နင်မိန်းခလေးဆိုတာRubyကမှမသိသေးတာ...."

Jinnyစကားကြောင့်Liceပြုံးလိုက်မိတယ်။

"UnnieကိုLiceနားလည်ပါတယ်။ညီမဖြစ်သူကိုလူလိမ်ခံရမှာစိုးလို့ပြောနေမှန်းလဲ သိပါတယ်။ဒါပေမဲ့..."

Liceကဆက်မပြောပဲစကားကိုရပ်လိုက်တာကြောင့်Jinnyကဆက်ပြောရန်ပြောလိုက်တယ်။

"ဒါပေမဲ့ ဘာဖြစ်လဲ။နင်ဆက်ပြောလေ."

"Nae...Liceဘဝမှာပထမဆုံးချစ်ရတဲ့သူကမိန်းခလေးဖြစ်နေသလိုIdolဖြစ်နေမယ်လို့လဲမထင်ထားမိဘူး။Liceရဲ့နှလုံးသားကJennie Ruby Janeနဲ့မှအခုန်မြန်ခဲ့တာပါ။မိန်းခလေးတိုင်းကိုလဲ Liceမချစ်ဘူး။မကြိုက်ဘူး။သဘောမကျဘူး။Liceရဲ့ဦးနှောက်နဲ့နှလုံးသားကJကိုပဲရွေးချယ်ခဲ့တာ။Liceချစ်တဲ့သူကJဖြစ်နေခဲ့လို့။ Liceအန္တရာယ်များမှန်းသိရဲ့နဲ့ကိုယ့်ဘဝမှန်ကိုတောင်ဖုံးကွယ်ထားပီးThaiကနေKoreaထိလာပီး Bodyguardလာလုပ်ခဲ့တာကJကိုLiceအရမ်းချစ်လို့ပါ။အဲ့တာတေကိုUnnieမယုံကြည်ပေးလည်းရပါတယ်။ဒါပေမဲ့Jအပေါ်မှာထားတဲ့Liceရဲ့ချစ်ခြင်းတရားတေကိုတော့သံသယမဝင်လိုက်ပါနဲ့နော်။UnnieကLiceမိန်းခလေးဖြစ်နေလို့Jနဲ့ သဘောမတူပေးလဲရပါတယ်။Liceကချစ်ရတဲ့ Jကိုပျော်ရွှင်အောင်ထားပီးအနီးကပ်စောင့်ရှောက်ခွင့်ရရင်ကျေနပ်ပါပီ.."

🌏You Are My World🌏(Completed)Onde histórias criam vida. Descubra agora