Part-48🌏

3.2K 352 65
                                    

Liceမနေ့ညထဲကရင်တေခုန်ပီးအိပ်မပျော်ဖြစ်နေတာကြောင့်ဒီမနက်လဲအစောကြီးနိူးနေပြန်ပါတော့တယ်။

"မနေ့ညထဲကအိပ်မပျော်ပါဘူးဆိုအခုလဲငါအစောကြီးနိူးနေတာပဲ။ငါရဲ့ဘဝမှန်ကိုဖွင့်ပြောဖို့ အချိန်ကတစ်ရက်တောင်မကျန်တော့ဘူး။ဟူး ငါလုပ်နိူင်ပါ့မလားကွာ...."

Liceတီးတိုးလေးရေရွတ်မိရင်းအိပ်ရာကထကာ ရေချိုးခန်းကိုတန်းဝင်လိုက်တယ်။

JaneအစောကြီးနိူးနေကာပထမဆုံးသတိရမိသွားတာကLiceကိုပါ။

"Banရေ။ရှင့်မွေးရပ်မြေကိုမကြာခင်Janeတို့ရောက်တော့မယ်နော်။ရှင်ဘယ်လိုဖွင့်ပြောမလဲဆိုတာJaneအရမ်းသိချင်နေပီသိရဲ့လား...."

ဘေးကJinnyကိုကြည့်တော့အိပ်ပျော်နေဆဲ။ Janeနာရီကိုကြည့်လိုက်တော့6နာရီပဲရှိသေးတာကြောင့်Jinnyကိုမနိူးတော့ပဲရေချိုးခန်းထဲဝင်သွားပါတော့တယ်။

"ငါရေချိုးပီးမှUnnieကိုနိူးတော့မယ်..."

Jijiကလဲနိူးနေကာရေချိုးခန်းတန်းဝင်ရင်းChaeကိုဖွင့်ပြောဖို့ရင်ခုန်နေပါတော့တယ်။

"Showပွဲပီးတာနဲ့ငါလဲChaeကိုဖွင့်ပြောရမယ်"

Chaeကတော့မနိူးသေးပဲအိပ်ပျော်နေဆဲ။လေယာဥ်စီးရမှာဖြစ်တာကြောင့်ခါတိုင်းလိုဝတ်နေကျShirtမဝတ်တော့ပဲLiceကပေါ့ပေါ့ပါးပါးလေးပဲဝတ်လိုက်တယ်။Liceအဝတ်အစားဝတ်ပီးကိုယ့်ဘာကိုယ်မှန်ထဲပြန်ကြည့်ရင်းပြောမိပြန်တယ်။

"Aww...ငါလေးပုံကမိန်းခလေးဆိုတာယုံနိူင်စရာမှမရှိတာ။လည်ပင်းကလည်စိကအစစ်ပါသေး ...."

အရင်Liceပုံကဆံပင်အရှည်နဲ့မို့မိန်းခလေးဆိုတာသိသာပေမဲ့အခုကျတော့ဆံပင်ကအစအဝတ်အစားအဆုံးယောကျ်ားလေးတစ်ယောက်ပုံစံဖြစ်နေတာကိုကြည့်ပီးပြောမိသွားတယ်။

"ဒါပေမဲ့ ငါကဘယ်လိုနေနေချောပီးသားပါကွာ။Janeတို့ရောနိူးပီလားမသိ။စောတော့စောသေးတာပဲ။မနက်စာအတွက်ငါကြိုပြင်ပေးထားလိုက်မယ်..."

စော​သေးတာကြောင့်ဘယ်သူကိုမှမနိူးတော့ပဲ့KitchenထဲကိုLiceတန်းဆင်းလာလိုက်တယ်။Ajimarကတော့ဘူဆန်မှာရှိတဲ့သူ့သားဆီကိုသွားဖို့ခွင့်ယူပီးပြန်သွားတာကြောင့်အိမ်မှာမရှိပေ။Kitchenထဲကိုရောက်တော့Liceအေပုရွန်ကိုဝတ်လိုက်ပီး...

🌏You Are My World🌏(Completed)Where stories live. Discover now