Part-39🌏

2.9K 293 14
                                    

"ဒါ ဒါတေကအမှန်တေလား..."

Jinnyစာအိတ်ထဲကစာရွက်စာတမ်းတေကိုကြည့်ပီးဒူးထောက်ကာလဲကျသွားတယ်။

"Kim Jinny Jane."
10:15AM
5.12.1995
Parents-Kim Jack Jane&Kim Ruby
Blood Type-B

"Kim Jennie Ruby Jane"
11:25AM
16.1.1996
Parents-Kim Jack Jane&Kim Ruby
Blood Type- B

"Jennieကငါ ငါ့ညီမအရင်းလား?ငါ ဘာတေလုပ်မိသွားတာလဲ"

စာရွက်စာတမ်းတေကို​သေချာကြည့်ပီးJinnyငိုနေရင်းထပ်တွေ့လိုက်ရတာကမိသားစုဓာတ်ပုံလေးတစ်ပုံ။Mr.KimကMs.Kimကိုဖက်ထားပီးလက်ထဲမှာတော့Jinnyကိုပွေ့ချီထားသလို Ms.Kimကတော့ဗိုက်ကြီးကြီးလေးနဲ့ မိသားစုပြုံးပီးရိုက်ထားတဲ့ဓာတ်ပုံလေးပါ။Ms.KimပုံလေးကိုJinnyထိတွေ့လိုက်ရင်း...

"O.omma"

Jinnyကိုမျက်ရည်ထပ်ပီးကျစေတာကတော့ Kim Yoonaရဲ့Diaryစာအုပ်လေးကြောင့်ပါ။

-Jackတဲ့လေ။Appaရဲတိုက်တွန်းမှု့ကြောင့် ငါလက်ထပ်လိုက်ရတယ်။ငါဘယ်သူကိုမှမချစ်ခဲ့ဘူး။ဘာလို့ဆိုတော့ငါကမွေးရာပါနှလုံးရောဂါသည်တစ်ယောက်လေ။Appaရဲ့စကားကိုနားထောင်ခဲ့ပေမဲ Jackနဲ့ငါ့ကြားမှာဂတိတစ်ခုထားခဲ့ကြတယ်။အဲ့တာကမောင်နှမတေလိုနေဖို့ပါပဲ။Jackမှာကကလေးနဲ့မိန်းမရှိနေပေမဲ့ ကျေးဇူးတရားနဲ့ Jack Appaရဲ့Companyကိုကယ်တင်ပေးချင်တာကြောင့်ငါနဲ့လက်ထပ်ခဲ့ရတာကို ပွင့်ပွင့်လင်းလင်းJ​ack​က.ပြောပြပေးခဲ့တယ်လေ။ Jackရဲ့မိန်းမဖြစ်သူRubyကလဲငါ့ကိုနားလည်ပေးခဲ့တယ်။Jackကကံကောင်းခဲ့ပါတယ်။RubyကJackကိုအရမ်းချစ်ပေးခဲ့ပီး မိခင်ပီသတဲ့ မိန်းခလေးတစ်ယောက်ပါ။ငါတို့အိမ်ထောင်ရေးအတွက်လဲစဥ်းစားပေးပီးJinnyလေးကိုငါနဲ့Jackဆီပို့ပေးခဲ့တယ်။ငါအရမ်းပျော်ခဲ့ရတယ်။ Jackကလဲငါ့ကိုညီမလေးတစ်ယောက်လိုစောင့်ရှောက်ပေးခဲ့သလိုJinnyလေးကလဲငါ့ကိုOmmaအရင်းမဟုတ်ပေမဲ့Ommaလို့ခေါ်ခဲ့တယ်။Jinnyလေးရဲ့Ommaခေါ်သံကြောင့်ငါမျက်ရည်ကျခဲ့ရတယ်လေ။ဘာလို့ဆိုတော့ ငါအရမ်းလိုချင်မိတဲ့မိခင်ဘဝကိုရောက်ခဲ့ရလို့ပဲ။ငါနဲ့Jackကတော့သာယာတဲ့အိမ်ထောင်ရေးလေးကိုJinnyလေးနဲ့အတူတူဖန်တီးခဲ့ပေမဲ့မာနကြီးတဲ့Rubyကငါတို့ထောက်ပံ့မှု့ကိုတောင်လက်မခံပဲ Jennieလေးကိုထိန်းကျောင်းရင်းအချိန်အပိုင်းအလုပ်တေလုပ်ကာခက်ခက်ခဲခဲရှင်သန်ခဲ့ရတယ်လေ။Jinny 10နှစ်လောက်ရောက်လာတဲ့အချိန်မှာတော့ဘုရားသခင်ခေါ်ဆောင်ရာနောက်ကို ငါလိုက်သွားရတော့မယ်လေ။ငါဆေးရုံတက်တဲ့အချိန် Jinnyလေးကအမြဲအနားမှာရှိနေပေးသလို Ommaမြန်မြန်နေကောင်းပါတော့ဆိုပီး လက်လေးကိုကိုင်ပီးတဖွဖွပြောခဲ့တယ်။ငါဆိုတဲ့ Yoonaကအရာရာအသုံးမဝင်သလိုခံစားခဲ့ရပေမဲ့Jackတို့မိသားစု ငါ့ဘဝထဲကိုရောက်လာတဲ့ အချိန်မှာတော့ငါမိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့သလို ချစ်ခြင်းမေတ္တာတေကိုလဲခံစားခဲ့ရတယ်။ ငါပျော်ရွှင်ခဲ့ရတဲ့အချိန်တေတွေးရင်း အသက်ထွက်မယ့်အချိန်ကိုစောင့်ဆိုင်းနေခဲ့ရတယ်။

🌏You Are My World🌏(Completed)Donde viven las historias. Descúbrelo ahora