ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory

Start from the beginning
                                    

" ဘာဖြစ်နေလဲဆိုတာ သေချာပြောပြလေ ။ ကျွန်မက လူတွေရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီး တရင်းတနှီးမရှိသေးတဲ့ ရေသူမဆိုပေမဲ့လည်း အခြေခံသဘောတရားတွေလောက်တော့ နားလည်ပေး ၊ ခံစားပေးတတ်နေပါပြီ ။ အဲဒါကြောင့် ပြောပြစမ်းပါ "

" အင်း .... တစ်ချိန်ကပေါ့ ၊ အတိတ်တစ်ခုမှာ ငါ ချစ်ဖူးခဲ့တဲ့ကောင်လေးတစ်ယောက်ကြောင်း ပြန်တွေးမိလာလို့ လွမ်းနေတာ "

" ဒါဆို ဂျရယ် အချစ်စစ်နဲ့ချစ်ခဲ့တဲ့သူပေါ့လေ "

" အင်း "

မွန်ဒီက မျက်လုံးလေးတွေ ဝင်းလက်သွားပြီး ပိုစပ်စုချင်လာသည်။

" ပြောပါ ပြောပါ။ သူဘယ်သူလဲ။ ဘယ်လိုတွေဖြစ်ခဲ့ကြလဲ။ မွန်ဒီ့ကို ပြောပြ "

မွန်ဒီက ဂျရယ်မိုင်ရာ့လက်မောင်းတုတ်တုတ်ကြီးကို လှုပ်ယမ်းရင်း စိတ်အားထက်သန်စွာ မေးနေခဲ့သည်။

" မပြောပြချင်တော့ဘူး။ ပြန်ပြောပြနေရင် ငါသူ့ကိုပိုလွမ်းလာတယ်။ ထားတော့ "

" ဟာ မရဘူး။ အဲဒီလိုမလုပ်နဲ့လေ ဂျရယ်ကလည်းကွာ။ မွန်ဒီ့ကို ပုံပြင်လိုမျိုး ပြေပြစမ်းပါ။ နားထောင်ချင်လို့။ ပြောပြ ပြောပြ "

မွန်ဒီက အတင်းဖိအားပေးပြီး မေးလာတော့ ဂျရယ်မိုင်ရာဘက်ကနေ ငြင်းဖို့မသက်သာတဲ့အဆုံး ခရစ်စတိုဖာ့အကြောင်းကို သူမအား ပြောပြရန် အရှိန်ယူပြင်ဆင်နေခဲ့သည်။

" အင်းပါ ... ဆုံစည်းခွင့်မရှိတော့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံပြင်တစ်ခုလိုပဲ သဘောထားပြီး ပြောလိုက်ပါ့မယ် "

" ဟုတ်ပြီ ဟုတ်ပြီ "

မွန်ဒီက ဒူးကျုံ့ထိုင်လိုက်ပြီး ဒူးတွေပေါ်မှာ သူမလက်နှစ်ဖက်လုံးကိုတင်ရင်း သေချာနားထောင်ဖို့အတွက် မေးစေ့ထောက်ခဲ့သည်။

" ပုံပြင်လေးရဲ့အစကတော့ ချယ်ရီကြွေတွေကနေ ဇာတ်လမ်းစခဲ့တယ်လို့ ကဗျာဆန်ဆန် နိဒါန်းပျိုးရမယ်။ ချယ်ရီပန်းတွေ ဝေဝေဆာဆာပွင့်ခဲ့တဲ့တနေ့ ငါတို့မျိုးနွယ်စုတွေနဲ့ မိစ္ဆာမျိုးနွယ်စုတွေ စစ်စဖြစ်ကြတဲ့နေ့ပေါ့။ အဲဒီနေ့ ငါ့အိမ်ကလူကြီးတွေကလည်း စစ်တိုက်ထွက်ကြတယ်။ ဒါပေမဲ့ ငါ့အဖေကတော့ စံအိမ်တော်ကြီးမှာ ငါတို့တွေနဲ့အတူတူနေခဲ့တယ်လေ။ လက်ရှိအခုငါတို့နေနေတဲ့ စံအိမ်တော်တော့မဟုတ်ဘူး။ အရင့်အရင် စံအိမ်တော်အဟောင်းတစ်ခုမှာ ... "

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now