"မင်းက တကယ်ချင်းပြည်ဘက်သွားမယ်ပေါ့။"
"အင်း။ အဲ့လိုပဲ လုပ်မလားလို့။ အကိုကြီးနဲ့မတွေ့ရတာ ကြာပြီလေ။ ရောက်လည်းမရောက်ဖူးဘူး ဆိုတော့ အတွေ့အကြုံအသစ်များရမလားလို့.."
"မသိပါဘူးကွာ။ ဟိုကောင်ကတော့ ချင်းပြည်မှာပျော်နေလိုက်တာများ ငါ့ကိုမပြောနဲ့ မင်းဆီကိုတောင်ရောက်မလာဘူး။ ဒီကောင် ငါတို့နဲ့ဝေးရာမှာ အေးချမ်းနေတယ်နဲ့တူတယ်..."
ပြောရင်းမှ သက်လျာသည် လက်ဖက်ခွက်ကို ယူသောက်ရင်း ပြုံးမိသွားသည်။
"အရင်ကဆို ကြည်သာလုပ်ပေးတာပဲ သောက်လာတာနော် မင်း..."
"ဟုတ်ပါ့ဗျာ..အခုမှ ကျွန်တော်က ပြန်လုပ်ပေးနေရတယ်။ အကိုကြိီးမရှိတာ မပိုင်ပါဘူးဗျာ။"
"မင်း သူ့ဆီကို စာရေးဖြစ်ရဲ့လား ။"
"ကျွန်တော်ကရေးပါတယ်။ ဒါပေမယ့် အကိုကြီးဆီက ပြန်စာကတော့ ကြာလှမှတစ်ခေါက်ရောက်တာ။ စာထဲမှာလည်း ကျွန်တော့်ကို သူ့ဆီလာလည်စေခြင်းကြောင်းတွေပဲ ထပ်နေတာ။"
ပိုင်နိုင်စွာနှင့် အထက်စီးဆန်စွာပြုံးရင်း အဝန်းသည် လက်ဖက်ခွက်ကို တစ်ကျိုက် မော့ချလေသည်။ ထိုအခါမှာ သက်လျာသည် အိတ်ကပ်ထဲမှ စီးကရက်နှင့် မီးခြစ်ကို ယူပြီး ဆေးလိပ်မီးညှိသည်။
ဆေးလိပ်အငွေ့တို့အား အဝရှူသွင်းလိုက်ပြီး မှုတ်ထုတ်လိုက်သည်က ပုံပန်းကျနစွာနှင့်ပင်။
"ငါ့ဆီကိုတော့ မင်းနဲ့အဆင်ပြေအောင်နေဖို့ပဲ မှာတယ်။"
စိတ်ပျက်တာမျိုး မဟုတ်ပဲ စိတ်မကောင်းဖြစ်မိသည်ဆိုရုံနှင့်တင် သက်လျာမျက်နှာဟာ နွမ်းလျလျ။
"ကိုသက်လည်း လိုက်ခဲ့ပါလား။"
"မအားတာကိုကွာ..အားမှတော့ မင်းတောင်ခေါ်စရာမလိုဘူး။ အသက်ကြီးလာတော့ အားလပ်ချိန်က တကယ်ပဲရှားလာတယ်။"
သက်လျာ၏ ပါးစပ်ကသာ အချိန်ရှားသည်ဟု ပြောနေသည်။ တကယ်တမ်း လက်တွေ့မှာတော့ ဇိမ်ကျကျနဲ့ထိုင်ပြီး စီးကရက်ဖွာနေသည်။
"ဟိုရောက်ရင် ဘာပြောပေးရဦးမလဲ။ ကျွန်တော်က မနက်ဖြန် သွားမှာ။"
![](https://img.wattpad.com/cover/286730935-288-k902578.jpg)
အပိုင်း (၄၇၊ ဒုတိယပိုင်း)
Start from the beginning