* သူက ကောင်းကင်ဘုံကစွမ်းအားစုတ်ယူ
ထားတာဘဲ*

* ဒါအပြစ်ကြီးတာသူမသိဘူးလား*

* ပြန်ထုတ်ယူတာနဲ့သူသေနိုင်တယ် *

* စွမ်းအားပိုင်ရှင်ကရောဘာဖြစ်မလဲ *

* မသိဘူး ဒါကိုအရှင်နှစ်ပါးဘဲသိလိမ့်မယ် *

ထယ်ဂျီလဲ ထိုအဖိုးကြီးရှေ့တွင်ရပ်ကာ လက်ကို
ဝှေ့ရမ်းလိုက်ပြီး စွမ်းအင်တွေစုပ်ယူလိုက်သည်။
ထိုအဖိုးကြီးထဲကစွမ်းအင်ကုန်တာနဲ့တပြိုင်ထဲ
ထိုနတ်ဆိုးဟာ ဇီဝိန်ချုပ်သွားတော့သည်။
ထယ်ဂျီကလဲ သူ့လက်ထဲက စွမ်းအင်ကိုဖျက်စီး
ရန်ပြင်ချိန် ဗြောင်အန်နာက...

" ရပ်လိုက် !"

" ဗြောင်အန်နာ "

" ကောင်းကင်အရှင်အသစ်ပေါက်စက ငါ့ရဲ့
စွမ်ယအင်ကိုဖျက်စီးဖို့ကြံရဲတယ် "

" အဟက် ဗြောင်အန်နာ ခများကဘာမလို့ကျုပ်
ကိုလာပြောနေတာလဲ "

" ဟမ့် ငါကအမှန်တကယ်ဆိုနင့်မယ်တော်
ဖြစ်လာမယ့်လူဘဲ "

"ဟားဟား ရူးနေတာလား ကျုပ်မယ်တော်လို့
ပြောကဲတာနည်းတဲ့သတ္တိမဟုတ်ဘူး ဒီမှာ
ကျုပ်ကခမည်းတော်နဲ့ပါးပါး ကောင်းထားလို့
ခုလိုရုပ်ချောသဘောကောင်းတဲ့ ကောင်းကင်
အရှင်ဖြစ်လာတာ ခများသာမွေးရင်မကောင်း
ဆိုးဝါးဘဲထွက်လာလိမ့်မယ် "

" မင်းး! "

သူမရဲ့လက်စွပ်ထဲက မှော်ကြိုးကိုထုတ်ကာ
ရိုက်ရန်ပြင်ချင် hobi ကလဲကျသွားပြီး
ဗိုက်ထဲက နဂါးနှစ်ကောင်ထွက်လာကာ
တစ်ကောင်ထဲအဖြစ်ပြောင်းသွားပြီးတာနဲ့
ဗြောင်အန်နာအား ဝါးမျိုလိုက်သည်။ပြီးမှသာ
နဂါးကနေ ကလေးငယ်နှစ်ယောက်အဖြစ်
ပြောင်းသွားပြီး မြေပြင်သို့ဖြေးညှင်းစွာ ကျလာ
တာကြောင့် ထယ်ယောင်နဲ့ဂျီမင်းကပြေးချီလိုက်
သည်။ ထယ်ဂျီကတော့ လဲနေတဲ့Hobi နားသွား
ကာထူပေးလိုက်ပြီး...

" ကိုကို အဆင်ပြေရဲ့လား"

"ပြေတယ် ငါ့တစ်သက် ဒီလိုကလေးမွေးတာ
ပထမဆုံးမြင်ဖူးတာဘဲ "

မင်္ဂလာပွဲပရိတ်သတ်အားလုံးကဒူးထောက်ကာ

" သုံးလောကကိုပိုင်စိုးမယ့်အရှင်နဲ့ စစ်နတ်
ဘုရားကို ဂါရဝပြုပါတယ် "

System Hobi (Completed)Where stories live. Discover now