part 3.4

8.2K 720 28
                                    

ထွက်နေတဲ့သတင်းတွေကို မင်းကြီးကရှင်းပေး
ချင်ပေမယ့်လီမင်အာက တားထားတာကြောင့်
ငြိမ်နေလိုက်သည်။မင်အာတစ်ယောက် မင်းကြီး
စိသွားရင်ထွက်လာစဉ် လမ်း၌ချီချီနှင့်ဆုံသည်။

"ကိုယ်လုပ်တော်လီ မင်းကြီးစီသွားမလို့လား"

"ဟုတ်ပါတယ် "

"အော်...နင်သိလား ဒီညမင်းကြီးကငါနဲ့
အိပ်ဆောင်ဝင်မှာ "

"အဲ့တော့ဘာဖြစ်လဲ "

"ဟက် အချိုးတွေပြောင်းနေတယ် အစေခံ
မျိုးရိုးကဆင်းသက်လာတဲ့ ငနုံကများ နင့်မျက်
နှာကိုခုထိ အရှင်ကမမြင်သေးဘူးလား"

"မိဖုရားငယ်ကသူများကိစ္စကိုအရမ်းစိတ်ဝင်စား
တာဘဲလား"

"နင်..."

ထိုချိန် သူတို့နားသို့လူတစ်ယောက်ရောက်လာ
သည်။

"သတင်းထွက်နေတဲ့ ကိုယ်လုပ်တော်ဆိုတာ
လေးလား"

"ခင်များကဘယ်သူလဲ"

"ငါ့ကိုတောင်မသိဘူးလား"

ဘေးကချီချီက

"ဟမ့် အားနေ မင်းကြီးကိုမြူစွယ်ဖိုဘဲတွေး
နေတော့ မင်းသားတစ်ယောက်လုံးကိုတောင်
မသိတာမဆန်းပါဘူး"

"ငါကနင့်လို ယောကျာ်းတိုင်းကိုလိုက်မစပ်စုဘူး
ပြီးတော့ငါမသိတာစမ်းလား သာကဘယ်နေရာ
ပွဲတိုးဖူးလို့လဲ"

"မင်းး!"

အရှိုက်ထိသွားတဲ့မင်းသားက မင်အာကိုထိုးရန်
အင်္ကျီစအားဆွဲလိုက်ပေမယ့် ပုဝါကိုဆွဲမိက
ပုဝါကျွတ်သွားသည်။ဘေးကလူတွေက မင်အာ
ကိုကြည့်ကာအံ့သြနေသလို ချီချီမှာလဲဇီး
ကွက်လိုမျက်လုံးပြူးသွားသည်၊

"နင့်..နင့်မျက်နှာကအနာတွေရော!"

"အော် မမလေးကိုယ်တိုင်မနာလိုလို့ မီးရှို့တဲ့
အနာလား မရှိတော့ဘူးလေ မြင်တဲ့တိုင်းဘဲ"

"နင်..နင်"

မင်းသားက

"အလှလေး ဒီကမင်းသားနဲ့မအိပ်ချင်ဘူးလား"

"မင်းနှမနဲ့သွားအိပ်လိုက် ဘောကောင် "

ထိုမင်းသားက မင်အာလက်ကိုဆွဲတာကြောင့်
တွန်းထုတ်လိုက်သည်။

System Hobi (Completed)Where stories live. Discover now