part 8.1

7.2K 622 33
                                    

ဇာတ်ကြောင်ကိုနားလည်အောင်ပြောရရင်
ဗီလိန်ဇာတ်ဖြစ်သည်။

သူဝင်ထားသည့်ကိုယ်က စောဖော့ဖောင်
လို့ခေါ်သည့် ကုမ္ပဏီတစ်ခုပ သန့်ရှင်းရေး
ကောင်လေးဖြစ်ပြီး မတော်တစမှူကြောင့်
အောက်ပိုင်းသေနေသူဖြစ်သည်။ထူးခြားတာ
တစ်ခုက သူဝင်ထားသည့်ကိုယ်ဟာ ဒီကမ္ဘာ
ရဲ့ဇာတ်လိုက်မဖြစ်နေတာပင်။ ဇာတ်လိုက်
နွေဦးမောင်ရဲ့ကားဖြင့်မတော်တစတိုက်မိရာ
မှ အောက်ပိုင်းသေသွားသောကြောင့်
နွေဦးမောင်က သူ့အားကူညီရင်းချစ်သွားကာ
အတင်းလက်ထပ်ယူခဲ့သည်။ မူလပိုင်ရှင်က
တော့ ဇာတ်လိုက်ကိုအမုန်းကြီးမုန်းကာ ဘာမှ
ပြန်မလုပ်နိုင်တာကြောင့် ဇာတ်လိုက်အလိုကျ
နေခဲ့သည်။ဇာတ်လိုက်က စောဖော့ဖောင်သူ့နား
ကမထွက်သွားစေရန်တွက် စောဖော့ဖောင်၏
သုတ်ဖြင့်သူကိုယ်တိုင်ကိုယ်ဝန်ဆောင်ခဲ့သည်။

ဒီကမ္ဘာရဲ့ဗီလိန်ကတော့ ဟန်သီ
ဆိုတဲ့ မိန်းကလေးဖြစ်ပြီး သူမက ဇာတ်လိုက်နှင့်
လက်ထပ်မည့်သတို့သမီးလောင်းဖြစ်သည်။
စောဖော့ဖောင်ကိုကားဖြင့်တိုက်မိသည့်တရား
ခံကလဲသူမကိုယ်တိုင်ဖြစ်ပြီးထိုနေ့က ဇာတ်
လိုက်မိခင်စီမှ သူမကားခနငှါးသွားချိန်ထိုသို့
ဖြစ်ခဲ့ခြင်းဖြစ်သည်။

သူမက ပထမပိုင်းတွင် ဖော့ဖောင်ပေါ်ခါးသီး
ပေမယ့်နောက်ပိုင်း သေချာပြုစုစောင့်ရှောက်ပေး
ကာ ခြေထောက်ပြန်ကောင်းစေရန် ကူညီခဲ့တာ
ကြောင့်ဖော့ဖောင်ကသူမပေါ်ယုံကြည်အားကိုး
သွားပြီး ခြေထောက်ပြန်ကောင်းသည်နှင့်
ဟန်သီနားသာကပ်​နေတတ်သည်။
သူမဟာ ဖော့ဖောင်နဲ့နွေဦးမောင်စကားများ
စေရန်အမျိုးမျိုးကြံဆောင်ခဲ့သည်။
ဖော့ဖောင်ဟာ ကိုယ်ဝန်သည်ယောကျာ်း
ဖြစ်သူမွေးခါနီးအချိန်တွင် ဟန်သီရဲ့မွေးနေ့ပွဲ
သွားနေတာကြောင့် နွေဦးမောင် ဖုန်းဆက်ခေါ်
သည့်အချိန် သူပြန်မလာခဲ့ဘဲမိုးလင်းခါနီးမှ
ပြန်ရောက်လာခဲ့သည်။သူရောက်သည်နှင့်မြင်
လိုက်ရတာက နွေဦးမောင်ဟာသွေးတွေကြား
ထဲလဲနေပြီး တစ်ကိုယ်လုံးတောင့်ကာ သေဆုံး
နေခြင်းဖြစ်သည်။ထိုဖြစ်ရပ်ကြောင့်နောင်တရ
သည့်အပြင် အိမ်ပေါ်မှလဲ မောင်းချခံလိုက်ရ
သည်။

System Hobi (Completed)Where stories live. Discover now