နောက်တစ်နေ့မနက်စာစားဝိုင်းတွင်
" ပါးပါး ဒါသမီးကိုယ်တိုင်လုပ်ထားတာသိလား
စားနော် ""...."
" မြ မင်းဘာအကြံနဲ့ ထိုက်နားကပ်နေတာလဲ"
"ဒယ်ဒီကလဲ သမီးက ပါးပါးနဲ့ဝေးမှ ပါးပါး
ကျေးဇူးတွေကိုသိလာတာ "" အဟက် "
" ဒေါန ရယ်ထားလိုက်ပါ ကုမ္ပဏီသွားမယ်မလား ငါကားနားထိလိုက်ပို့ပေးမယ် "
ထိုက်ကဒေါနလက်ကိုတွဲကာထမင်းစားခန်း
ထဲကထွက်သွားလိုက်သည်။ သူတိုထွက်သွား
သည်နှင့် မြ ကအော်ကလီဆန်သလိုပြုမူကာ
ထိုက်ရဲ့ပန်းကန်ထဲ တံတွေးထွေးထည့်လိုက်
သည်။"ထွီး...ပါးသပ်ယားတယ် ပါးပါးလို့ခေါ်ရတာ
ဟမ့် သူကများအဟုတ်မှတ်နေတယ် "ခနနေတော့ ထိုက်ပြန်ဝင်လာ ကာထမင်းဝိုင်း
တွင်ထိုင်လိုက်သည်။" ပါးပါးစားလေ"
" ပုံမှန်တိုင်းဆက်ဆံ အိမ်မှာမင်နဲ့ငါဘဲရှိတယ် "
" အဟင်း ပါးပါးကလဲ "
" ဟက်... ဒါဆို ငါ့ပန်းကန် မင်းစားပြလေ "
"...."
"မစားရဲဘူးမလား တံတွေးထွေးထားလို့လေ "
" ရှင် !"
" ဟမ့် ဘာလဲ မင်းရဲ့အမေမြရည်လဲ့က ခုလို
ငါ့နားချဉ်းကပ်ရင်အမွေရမယ်လို့ပြောလိုက်လို့
လား"" ရှင့်ကြောင့်သာမဟုတ်ရင် ဒယ်ဒီကကျမကို
သမီးအရင်းလို့ဘဲထင်မှာ"" မင်းထင်လို့ပါ သူမပြောရင်ငါကဒီအကြောင်း
သိမှာမဟုတ်ဘူး ဒေါနကအရင်သိပြီးငါ့ကိုပြော
ပြလာတာဘဲ ယုံချင်ယုံမယုံချင်နေ "" ရှင်...ရှင်ကြည့်နေ ကျမကဘာလဲဆိုတာသိ
စေရမယ်"" သိတယ်လေ နင်ကအမေတူသမီး ဆိုတာ
လစ်လိုက်တော့ ငါ့အိမ်ပေါ်ကနေ အခြေနေတွေ
ဒီထက်ဆိုးလာရင် ငါ့အဆိုးမဆိုနဲ့နော် "မြ တစ်ယောက် စောင့်အောင့်ကာအိမ်ကထွက်
သွားလိုက်သည်။(Hobi သူမကိုလိုက်ကြည့်ထား )
YOU ARE READING
System Hobi (Completed)
RomanceVmin (owncreation) Starting -4.12.2021 Ending-9.2.2022 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ တစ်စံုတစ်ရာတိုက်ဆိုင်သွားရင်...